ဗုဒ္ဓတရား၏ အဆုံးအမအတိုင်း လိုက်နာကျင့်ကြံ အားထုပ်နိုင်သော သူတော်ကောင်း တရားသမား ဖြစ်နိုင်ကြပါစေ.....
သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ

Sunday, August 2, 2009

လိုက်နာကျင့်သုံးဖွယ် သြ၀ါဒ

မကောင်းတာ မှန်သမျှ မပြုရရှောင်ကြဉ်
(မကောင်းဘူးလို့ထင်တဲ့ ကိုယ်၊နှုတ်၊စိတ် အမူအရာမှန်သမျှကို အတတ်နိုင်ဆုံး မပြုလုပ်ပဲ ရှောင်ကြဉ်ပါ)

ကောင်းတာ မှန်သမျှ ပြုရအမှန်ပင်
(ကောင်းတယ်လို့ထင်တဲ့ ကိုယ်၊နှုတ်၊စိတ် အမူအရာမှန်သမျှကို အတတ်နိုင်ဆုံး ပြုလုပ်၍ ဆောင်ထားပါ)

မိမိစိတ်ဓာတ် ဆွတ်ဆွတ်ဖြူစင်
(မကောင်းတာမှန်သမျှကိုလည်း ရှောင်ကြဉ်၊
ကောင်းတာမှန်သမျှကိုလည်း ဆောင်ယှဉ်နိုင်မှသာ
မိမိစိတ်ဓာတ် သေချာစွာ ဖြူစင်မှာ)

ဤသုံးပါး ဘုရားမိန့်တော်ပင်
(အထက်ပါသုံးပါးနှင့်ပြည့်စုံစေရန် သမပဓာန် လုံ့လ၀ီရိယဖြင့်
သီလ၊သမာဓိ၊ပညာတရားများကို နေ့ညမပြတ်
ကျင့်ကြံပွားများ အားထုတ်ကြရမည်သာဖြစ်ပါသည်)

ကမဋ္ဌာန်းကျောင်းဆရာတော်

ဖိတ်ခေါ်လျှက်ပါ




ဖိတ်ခေါ်လျှက်ပါ

တာချီလိတ်မြို့ ရှမ်းတို့ဋ္ဌာနေ
ကမဋ္ဌာန်းကျောင်း ၀တ်လျောင်းတည်ပေ
သတိပဋ္ဌာန်တရား ထင်ရှားပြနေ
လာရောက်ဖို့ ဖိတ်လို့ စေတနာဝေ။
နေရေးအတွက် မခတ်စေလို
စားသောက်ဖို့ရေး ဟင်းမွှေးပိုမို
ရေနဲ့မီးလည်း ပြည့်ပြီးစုံကို
အခမဲ့လာလှည့် သဒ္ဓါပို။

တရားအလုပ် အားထုတ်ဖို့ကွယ်
လူမျိုးမရွေး ကျွေးမွေးပါတယ်
စေတနာပန်း ပွင့်လန်းကာရယ်
မကြောင့်ကြ တောင့်တ ကင်းစေမယ်။

ဗုဒ္ဓဘုရား ဟောလေသည်မှာ
နိဗာန်စခန်း စံမြန်းဖို့ရာ
သံသရာလမ်း ဖြောင့်တန်းစေမှာ
ကြွရောက်လှမ်း ကမဋ္ဌာန်း ဤဋ္ဌာနာ
မဂ္ဂင်ပန်း ဆင်မြန်း တို့သူငါ။
အရှင်ကုမုဒ

Tuesday, July 14, 2009

သမိုင်းဝင် မြန်မာ့ဂုဏ်ဆောင် ရန်ကုန်ရွှေတိဂုံ ပုံတော် ရှေ့ခေတ် ဓါတ်ပုံတစ်ပုံပါ.

ဆရာတော် ဘဒ္ဒန္တ၀ိရောစန ၏ သြ၀ါဒကထာ (ဆုံးမစာ)

”ကိုယ်က မချစ်၊ သူက ချစ်၊ ဒီချစ် အမုန်းဆုံး“
(မုန်းစရာပုဂ္ဂိုလ်တို့ နှင့် ယှဉ်တွဲနေရသည့်ဆင်းရဲ)

”ကိုယ်ကသာ ချစ်၊ သူ မချစ်၊ ဒီချစ် ဆင်းရဲဆုံး“
(ချစ်စရာပုဂ္ဂိုလ်တို့ နှင့် မယှဉ်တွဲကင်းကွာနေရသည့်ဆင်းရဲ)

”ကိုယ်ကလည်း ချစ်၊ သူလည်း ချစ်၊ ဒီချစ် အသင့်ဆုံး”
(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ စိတ်ဝမ်းမကွဲ
အပြစ်ကင်း၊ ညီညွတ်စွာ ယှဉ်တွဲနေရသည့်ချမ်းသာ)

”ကိုယ်လည်း မချစ်၊ သူ မချစ်၊ ဒီချစ် အမြတ်ဆုံး“
(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ ချစ်ခြင်း မုန်းခြင်း ဆင်းရဲခြင်းမှ
လွတ်မြောက်စေရန် သတိပဋ္ဌာန်လေးပါး မြတ်တရားကို
ပွားများအားထုတ်နိုင်မှသာ ဆင်းရဲငြိမ်းရာနိဗာန်သို့
မျက်မှောက်ပြုကြရသည့်ချမ်းသာ)

ငွေတောင်ဦး တောင်ပေါ်မှထွက်ရှိသော ကျောက်ဖြင့် ထုပ်လုပ်ပူဇော်ထားရှိသော ဗုဒ္ဓဆင်းတုတော်







ငွေတောင်ဦး ကမ္မဌာန်းကျောင်းမှာ လှူဒါန်းမှုပြုအပ်သော ဗုဒ္ဓရုပ်ပွားတော် တစ်ဆူဖြစ်ပါသည်။ ၄င်းဆင်းတု တော်ကို ငွေတောင်ဦး တောင်ပေါ်မှ ထွက်ရှိသော ကျောက်အမဲဖြင့် ထုပ်လုပ်ပူဇော်ထားခြင်းဖြစ်သည်။ ယခုအခါ ဆင်းတုတော်ကို ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ၀ိရောစန ၏ သသာနာပြုရာ ထိုင်းနိုင်ငံ အတွင်းကိုးကွယ်ရန် ထိုင်းလူမျိုးများကို လှူဒါန်းပူဇော် ထားပါသည်။ ဓါပုံများမှာ ဘုရားဆင်းတုတော်ကို ထိုင်းနိုင်ငံသို့ ပင့်ဆောင်စဉ် ရိုက်ကူးထားသည့်ပုံများဖြစ်ပါသည်။ အများသူငှါ ကြည်ညိုသဒ္ဒါပွားနိုင်ကြပါစေ...

Template by : kendhin x-template.blogspot.com