ဗုဒ္ဓတရား၏ အဆုံးအမအတိုင်း လိုက်နာကျင့်ကြံ အားထုပ်နိုင်သော သူတော်ကောင်း တရားသမား ဖြစ်နိုင်ကြပါစေ.....
သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ
Showing posts with label ဓမ္မဆောင်းပါး. Show all posts
Showing posts with label ဓမ္မဆောင်းပါး. Show all posts

Tuesday, May 31, 2011

ကဆုန်ဘုရားပွဲ အလှူရှင်များ

ကြာဇံဟင်းခါး၊ မုန့်လက်ဆောင်၊ ကိတ်မုန့်၊ ကောဖီ၊ သစ်သီး၊ အချိုပွဲ အလှူရှင်များ

၁။ မိခင်ကြီးဒေါ်မြရွှေအား အမှုးထား၍ ဦးခင်မောင်ဝင်း+ဒေါ်သီသီဝင်း မိသားစု
၂။ ဦးဝင်းနိုင်+ဒေါ်မြမြ၀င်း မိသားစု
၃။ ဦးဖိုင်းလွတ်+ဒေါ်တင်မိုးခိုင် မိသားစု
၎။ ဦးစိန်လှိုင်+ဒေါ်အဝှေ့ မိသားစု
၅။ ဦးစိုင်းတစ်+ဒေါ်ရီရီထွေး၊ ဦးအာချင် မိသားစု
၆။ ဦးစိုင်းထွန်းအောင်+ဒေါ်သန်းသန်းဦး မိသားစု
၇။ ဦးစိန်သန်း မိသားစု
၈။ ဦးဇော်ဝင်း+ဒေါ်အေးအေးစန်း မိသားစု
၉။ ဒေါ်မဲ mp-3 မိသားစု
၁၀။ ဒေါ်စန်းစန်းမြင့် မိသားစု

အရုဏ်ဆွမ်း၊နေ့ဆွမ်း၊ ကျောက်ကျော အလှူရှင်များ

၁။မလွင် တာလော့
၂။ မရွေရည် တာလော့

နေ့ဆွမ်းအလှူရှင်

၁။ဗယ်လင်တိုင်း၊နိုင်နိုင်း မိသားစုမှ ထမင်းကြော်ဘူး ၂၀၀-ဘူး။
၂။မိုးကုတ်ကြီးနှင့်အဖွဲ့

ညောင်ရေအိုး၊ ဘုရားပန်းအလှူရှင်

၁။ ဦးစိုင်းနော်ခမ်း+ဒေါ်ဝင်းလှ မိသားစု
၂။ ဦးကိုမောင်+ဒေါ်စမ်းစမ်း မိသားစု
၃။ ဦးတင်ဝင်း+ဒေါ်အေးနှင်းခိုင် မိသားစု

မဏ္ဍပ်အလှူရှင်များ

၁။ ပုန်းထွန်ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၂-လုံး
၂။ မေတ္တာရှင် သာရေးနာရေး အသင်းမှ ၁-လုံး
၃။ ကျောက်တောင်ရပ်ကွက် သာရေးနာရေး အသင်းမှ ၁-လုံး


ရေသန့်ဘူးကြီး ၅၀-ဗူးနှင့်အထက်အလှူရှင်များ

၁။ ဦးဥတ္တမအား အမှူးထား၍ ဒေါ်မိမိနွယ် မိသားစု ဆန်ဆိုင်း ၃၀၀-ဗူး
၂။ ဦးမောင်ဦး(ခ)ဦးတင်ဝင်း+ဒေါ်ခင်ညွှန့်နှင့် အလှူရှင်များ ၂၃၃-ဗူး
၃။ ဒေါ်သွယ်သွယ်ထွန်း ဆ.သ.ရ (စာတိုက်) ၁၀၀-ဗူး
၎။ မဝေနှင့်သူငယ်ချင်းများအဖွဲ့ ရေဆွဲ ၁၀၀-ဆွဲ
၅။ ဦးဖိုးရှမ်း+ဒေါ်အေးသူဇာမိုး ၅၀-ဗူး
၆။ ဦးကိုမောင်+ဒေါ်စမ်းစမ်း မိသားစု ၅၀-ဗူး။


တောင်ပေါ်ဓမာရုံအတွက် လှူဒါန်းသောအလှူရှင်များ

၁။ ဦးညီညီအောင်+ဒေါ်မိမိခမ်း မိသားစု ကြွေပြား ၁၀-ဖာ ၂၀၅၀-ဘတ်။
၂။ဦးလှမြင့်အောင်+ဒေါ်ခင်တိုးကြည် မိသားစု တံမြက်စည်း ၃၀၀၀-ဘတ်။


အလှူငွေ ဘတ် ၁၀၀၀-နှင်အထက်အလှူရှင်များ

၁။ ဦးထွန်းနေဦး+ဒေါ်ခင်ခင်ချို မိသားစု ၀မ်ကောင်း ၁၀၀၀၀-ဘတ်
၂။ ဦးမျိုးသူဝင်း+ဒေါ်သန်းသန်းဌေး မိသားစု အကယ်ဒမီရွှေသန့် ရန်ကုန် ၃၀၀၀-ဘတ်
၃။ ဦးစပ်နွဲ့သင်း မိသားစု ပုန်းထွန် ၁၀၀၀-ဘတ်
၎။ စာတိုက်မှူး ဦးလှမြင့်အောင် ဒေါ်ခင်တိုးကြည် မိသားစု ၁၀၀၀-ဘတ်
၅။ ဦးအောင်မျိုးဝင်း+ဒေါ်စိုးဥမာ မိသားစု ၀မ်ကောင်း ၂၀၀၀-ဘတ်
၆။ ဦးမောင်ဝင်း မိသားစု တာလော့ ၃၀၀၀-ဘတ်
၇။ G.D.O မိသားစု တာလော့ ၁၀၀၀-ဘတ်
၈။ ဦးဝင်းမော် မိသားစု ၁၀၀၀-ဘတ်
၉။ ဒေါ်ရည်မွန် မိသားစု မကာဟိုခမ်း ၁၀၀၀-ဘတ်
၁၀။ ဦးထွန်းထွန်းဝင်း မိသားစု မကာဟိုခမ်း ၁၀၀၀-ဘတ်
၁၁။ ရဲအုပ် အောင်မျိုးဇော်လွင် မူးယစ်အထူးအဖွဲ့ ၁၀၀၀-ဘတ်။


စတုဒိသာကျွေးမွေးသော အလှူရှင်များ

၁။မိုးကုတ်ကြီး၊ မလွင်၊ မယဉ်အေးနှင့်အဖွဲ့ ရေခဲမုန့်
၂။ ဦးရွှေသိန်း မိသားစု အချိုရည်
၃။ ဦးကြည်အောင်+ဒေါ်တိုးကြည် မိသားစု မန်ကျည်းဖျော်ရည်
၎။ မဝေနှင့်သူငယ်ချင်းများအဖွဲ့ အအေး
၅။ Gonden Triangle Hotel k.k.c ၀န်ထမ်းများ စပွန်ဆာ၊ ရေသန့်ဘူး၊ စနိုးတာဝါ
၆။ Regina Hotel ၀န်ထမ်းများ အအေး
၇။ ဦးမဲ+ဒေါ်ပါပါး မိသားစု ဆန်းကွတ်အဖျော်ရည်
၈။ ဦးထွန်းလူနှင့် သူငယ်ချင်းများ အအေးဘူးများ
၉။ ညောင်ညိုရိပ်အဖွဲ မန်ကျည်းဖျော်ရည်
၁၀။ ပုန်းထွန်တောင်တက်အဖွဲ့ ခေါက်ဆွဲ အအေး
၁၁။ ဦးထွန်းအောင်+ဒေါ်ထွေး မိသားစု အအေး
၁၂။ ဦးစိုင်းနော်ခမ်း+ဒေါ်ဝင်းလှ မိသားစု (သား)စိုင်းလင်းရှဲန် (သမီး)နန်းသိင်္ဂီမြင့် ကြံရည်မုန့်လက်ဆောင်
၁၃။ နန်းစိန်သန်း၊နန်းရွှေကျင်၊ မစန်းစန်းမြင့်၊ နန်းကျင်၊ နန်းဝိုးကျောက်၊ မရီရီမြင့်
ကိတ်မုန်၊ ရေ၊ ရွှေရင်အေး
၁၄။ နန်းမုန်းကျောက် ရွှေရင်အေး
၁၅။ နန်းရွှေစင် ရွှေဆိုင် မိသားစု ခေါက်ဆွဲ၊ ရွှေရင်အေး
၁၆။ ရွှေနန်းတော် ၀န်ထမ်းများ အအေးဗူး
၁၇။ မအေးအေးသိန်း မိသားစု တာလော့ အအေးဗူး
၁၈။ မဲခေါင်မြစ် Disco မှ အအေးဗူး
၁၉။ ဒေါ်မြမြ၀င်းနှင့်အဖွဲ့ အအေးဗူး
၂၀။ ဦးအောင်ချစ်+ဒေါ်ထွေး မိသားစု အအေးဗူး
၂၁။ ဒေါ်ယဉ်ထွေး+ဒေါ်အားမွေ မိသားစု အအေးဗူး
၂၂။ ဒေါ်နုနှင့်အဖွဲ့ ခေါက်ဆွဲ


လုပ်အားဒါန အလှူရှင်များ

၁။ တာလော့ရပ်ကွက်မှ ဈေးသူ/ဈေးသားများ
၂။ ကျောက်တောင်ရပ်ကွက်မှ လုပ်သားများ


(အားလုံးဝမ်းသာ ကြည်နူးမှုဖြစ်လိမ့်မည်ဟု မျှော်လင့်လျှက် )

အရှင်ကုမုဒ

ကဆုန်ဘုရားပွဲ ရ/သုံးရှင်းတမ်း


ငွေတောင်ဦးကမဋ္ဌာန်းကျောင်းတိုက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ဘုရားပွဲရှင်းတမ်းကို အလှူရှင်များနှင့် ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့ ကြည်ညိုသဒ္ဓါပွားများနိုင်ရန် တင်ပြအပ်ပါသည်။

အရှင်ကုမုဒ

Tuesday, September 8, 2009

စေတနာဟူသည်

စေတနာဟူသောစကားကို လူတိုင်းပြောဆိုသုံးနှုန်းနေကြသော်လည်း စေတနာရဲ့အဓိပ္ပါယ်ကိုတော့ လူတိုင်းနားမလည်ကြပါ။ စေတနာဟု ပြောလိုက်သည်နှင့် လူတို့သည် အကောင်းဟုသာ ထင်မြင်နေကြသည်။ တကယ်တော့ စေတနာသည် အကောင်းအဆိုးနှစ်မျိုးဒွန်တွဲနေသော အရာတစ်ခုဖြစ်သည်။ ကောင်းတာပဲလုပ်လုပ် ဆိုးတာပဲလုပ်လုပ် စေတနာပါစမြဲပင်။ စေတနာသည် အကြောင်းတရားသက်သက်မျှသာ ဖြစ်သောကြောင့် စေတနာနှင့်ကင်းသောအလုပ်သည် အလွန်ရှားပါးသည်။ လုပ်ချင်၍ လုပ်လိုက်မိသော သိလျှက်နဲ့လုပ်လိုက်မိသော အလုပ်ဟူသမျှသည် စေတနာပါစမြဲသာ ဖြစ်သည်။ စေတနာအားကောင်းလျှင် အကျိုးပေးတရားကောင်းမည် စေတနာအားနည်းလျှင် အကျိုးပေးတရားနည်မည်။ ကောင်းသောအလုပ်ပဲဖြစ်ဖြစ် မကောင်းသောအလုပ်ပဲဖြစ်ဖြစ် မိမိလုပ်ချင်၍ လုပ်လိုက်မိသော သိလျှက်နဲ့လုပ်လိုက်မိသော အလုပ်ဟူသမျှသည် စေတနာပါစမြဲသာဖြစ်သည်။ မိမိလုပ်ချင်၍ဟု ဆိုရာ၌ လုပ်ချင်သောစိတ်သည် ဆန္ဒသာဖြစ်ပြီး ထိုအလုပ်ကိုလုပ်ဖို့ရန် တိုက်တွန်းစေ့ဆော်တတ်သောတရားသည် စေတနာဖြစ်သည်။ ထိုစေတနာရဲ့တိုက်တွန်းစေ့ဆော်မှုအားကြောင့် လုပ်ချင်နေသောအရာတစ်ခုကို လုပ်လိုက်မိပြီး လုပ်လိုက်၍ ရရှိလာသောအကျိုးတရားကို မျှော်ကိုးစိတ်သည် လောဘပင်ဖြစ်သည်။တကယ်တော့ စေတနာသည် စေ့ဆော်တိုက်တွန်းတတ်သော အရာတစ်ခုမျှသာ။ လူတိုင်းလူတိုင်းသည် စေတနာဟု ပြောလိုက်သည်နှင့် အကောင်းဘက်ကချည်းထင်မြင်နေတတ်သည်မှာ မှားယွင်းနေမှု တစ်ခုပင်ဖြစ်ပါသည်။ ထင်ရှားအောင်ပြောပြပါမည်။ တန်းကျောင်းတစ်ခုတွင် ကျောင်းသား/ကျောင်းသူများ ကျောင်းဝင်းအတွင်း တံမြတ်လှည်း သန့်ရှင်းရေးလုပ်ကြရာဝယ် အပျင်းထူ၍ ရှောင်ပုန်းပြီး ယောင်ဝါးဝါးလုပ်နေသော ကျောင်းသား/ကျောင်းသူကို တွေ့လျှင် တခြားသောကျောင်းသား/ကျောင်းသူများနှင့်ဆရာဆရာမများတို့သည် ဒီကျောင်းသား/ကျောင်းသူ အလွန်ပျင်းတာပဲ စေတနာမွဲလှချည်လားဟု ပြောဆိုတတ်ကြည်သည်။ တကယ်တော့ ထိုကျောင်းသား/ကျောင်းသူသည် စေတနာမွဲသည်မဟုတ်။ တံမြတ်လှည်းသန့်ရှင်းရေးလုပ်လိုတဲ့ဘက်၌ တိုက်တွန်းစေ့စော်တတ်သော စေတနာနည်းပါးပြီး အလုပ်မလုပ်လိုသည့်ဘက်၌ (အပျင်းထူသည့်ဘက်၌) စေ့စော်တိုက်တွန်းတတ်သော စေတနာအားထက်သန်နေခြင်းမျှသာဖြစ်ပါသည်။ လူတစ်ယောက် ပျင်း၍အိပ်လိုသောစိတ်ရှိနေလျှင် ထိုလူကို အိပ်အောင်စေ့စော်တတ်သောစေတနာသည် အားပေး၍ အထောက်အကူပြုလိုက်လျှင် ထိုလူသည် အိပ်လိုက်လေတော့သည်။ ထိုအိပ်လိုသောစိတ်ကို အခြားသောကောင်းသည့်ဘက်၌ စိတ်ညွတ်လိုက်လျှင် စိတ်ညွတ်လိုက်သည့်ဘက်၌ စေတနာကစေ့စော်မှုပိုအားကောင်းသွားပါလျှင် ထိုလူသည် မအိပ်ဖြစ်တော့ဘဲ ကောင်းသည့်စိတ်ညွတ်လိုက်သည့်အလုပ်ကို လုပ်မိသွားမှာ အသေအချာပင်။ ထို့ကြောင့် ဘယ်အလုပ်ပဲလုပ်လုပ် စေတနာနှင့်ကင်းသည့်အလုပ်သည် အလွန်ရှားပါးသည်။ ဆက်၍ပြောပါဦးမည်။ ရပ်ထဲရွာထဲ၌ ရပ်ရွာအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသောသူတို့ကိုတွေ့လျှင် ဒီလူတွေ စေတနာအလွန်ကောင်းတာပဲဟု ပြောဆိုတတ်ကြပါသည်။ စေတနာကောင်းတာပဲဟုဆိုရာ၌ စေတနာ အားကောင်းခြင်း စေတနာများခြင်းကို ဆိုလိုကြသည်။ ထိုသို့ဆိုလျှင် ရပ်ရွာအကျိုးကို မသယ်ပိုးသောသူတို့သည် စေတနာမရှိသကဲ့သို့ ဖြစ်နေသည်။ ထိုသို့မဟုတ်ပါ။ ရပ်ရွာအကျိုးကို မသယ်ပိုးသောသူတို့၌ မကောင်းတဲ့(အကုသိုလ်)စေတနာများပျားအားကောင်းနေပြီး ကောင်းတဲ့ (ကုသိုလ်) စေတနာ အားနည်းနေခြင်းသာဖြစ်သည်။ စေတနာသည် ကောင်းတဲ့ (ကုသိုလ်စေတနာ) မကောင်းတဲ့ (အကုသိုလ်)စေတနာဟု နှစ်မျိုးရှိကြောင်းကို လူတို့အသိနည်းနေခြင်းကြောင့် စေတနာဟူသောစကားကို လွယ်လင့်တကူ သုံးနှုန်းပြောဆိုနေကြခြင်းဖြစ်သည်။
ထိုသို့ပြောဆိုနေကြခြင်းကို အပြစ်ဟု မဆိုသာပါ။ လူတို့တွင်မပြောနှင့် စေတနာနှစ်မျိုးရှိကြောင်းကို သိထားကြသော ဘုန်းတော်ကြီးတစ်ချို့သည်ပင် ထိုကဲ့သို့ လွယ်လင့်တကူ ပြောဆိုနေကြသည်မှာ အများအပြားပင်ဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းများ၌ ဝေယျာဝစပြုလုပ်ရမှာ ပျင်း၍ ချောင်ခိုပြီးအိပ်နေသော ကိုရင်ကျောင်းသားများကိုတွေ့လျှင် ဒီကိုရင် ဒီကျောင်းသား ဒီကျောင်းသားအလွန်စေတနာနည်းတာပဲဟု ပြောဆိုဆုံးမတတ်ကြသည်။ အမှန်ဆိုရသော် ထိုကိုရင်ကျောင်းသားသည်စေတနာနည်းနေခြင်းမဟုတ်။ ဝေယျာဝစလုပ်လိုသော ကောင်းသည့်ကုသိုလ်ဘက်၌ စေ့စော်တိုက်တွန်းတတ်သောစေတနာအားနည်းနေပြီး ဝေယျာဝစမလုပ်လိုသည့် (အပျင်းထူသည့်) ဘက်၌ စေ့စော်တိုက်တွန်းတတ်သော စေတနာအားကောင်းနေခြင်းသာဖြစ်သည်။
နောက်တစ်ခုပြောပြပါဦးမည်။ လူတို့သည် အလှူအတန်းရက်ရောသော ပုဂ္ဂိုလ်များကိုတွေ့လျှင် ဒီလူဟာ စေတနာ အရမ်းကောင်းတာဟု တစ်ချို့ပြောဆိုတတ်ကြပါသည်။ ဒါဆိုမဟုတ်ဘူးလားဟု မေးလျှင် ဟုတ်တော့ ဟုတ်ပါသည်ဟု မယုတ်မလွန်ဖြေကြားရပါမည်။ အလှူအတန်းရက်ရောခြင်းသည် သဒ္ဓါတရားအားကောင်းခြင်းကြောင့်သာဖြစ်သည်။ သဒ္ဓါတရားများ တဖွားဖွားဖြစ်ပေါ်လာတဲ့အခါ ထိုသဒ္ဓါတရားကြောင့်ပင် လှူချင်တဲ့စိတ်များ ဖြစ်ပေါ်လာသည်။ လှူချင်တဲ့စိတ်များဖြစ်ပေါ်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့စိတ်အတိုင်း လုပ်ဖြစ်အောင် တိုက်တွန်းစေ့စော်တတ်သောတရားသည် စေတနာပင်ဖြစ်သည်။ ထိုသို့သောစေတနာသည် ကောင်းသောစေတနာ ကောင်းသောအလုပ်ပင်ဖြစ်သည်။
ထိုသို့ပင် မကောင်းသည့်ဘက်၌လည်း စေတနာသည်ပါဝင်၍ ဖြစ်ရသည်။ ဘ၀ပေးအခြေအနေကြောင့်ပဲ ဖြစ်ဖြစ်၊ စားဝတ်နေရေးအခြေအနေကြောင့်ပဲ ဖြစ်ဖြစ်၊ ၀ါသနာကြောင့်ပဲဖြစ်ဖြစ် အပျော်သက်သက်ပဲဖြစ်ဖြစ် အမဲလိုက်ခြင်းစသော မကောင်းသောအကုသိုလ်အလုပ်တို့ကို လုပ်မိတတ်ကြသည်။ ထိုမကောင်းမှုတို့ကို လုပ်ရာ၌ လုပ်လိုသောစိတ်များသည် လောဘ ဒေါသ မောဟစသော အရင်းခံအကြောင်းတရားများကြောင့် ဖြစ်ပေါ်လာရသည်။ ဖြစ်ပေါ်လာသည့်အတိုင်း လုပ်မိအောင် တိုက်တွန်းစေ့စော် နိုးဆော်တတ်သော တရားသည် (ဖြစ်ပေါ်လာသည့် စိတ်အတိုင်း လုပ်လိုက်မိခြင်းသည်) စေတနာပင်။ ဒါကြောင့်ကျမ်းဂန်၌ စေတနာ ဘိက္ခဝေ ကမ္ပံ ၀ဒါမိဟု ပညာရှိတို့ ဆိုမိန့်ခဲ့ကြသည်။ စေတနာသည် အလုပ်ဟု ဆိုလိုရင်းဖြစ်သည်။ ဒါကြောင့် ကောင်းသော (ကုသိုလ်)အလုပ်ဖြစ်ဖြစ်၊ မကောင်းသော (အကုသိုလ်)အလုပ်ဖြစ်ဖြစ် စေတနာသည် ပါဝင်ရစမြဲဖြစ်သည်။
သို့သော်စေတနာနှင့်ကင်းသော အလုပ်သည်မရှိဟု မဆိုလိုပါ။ လူတစ်ယောက် အာရုံများနေ၍ ခလုပ်တိုက်မိသည်။ ထိုခလုပ်တိုက်ခြင်း၌ စေတနာမပါ။ လူတစ်ယောက် သူများဈေးဆိုင်ထဲမှ ပစည်းတစ်ခုခုကို ကောက်ယူခဲ့မိသည်။ ထိုသို့ကောက်ယူခဲ့ခြင်း၌ စေတနာမပါ။ မှန်ပါသည်။ အမှတ်တမဲ့ဖြင့် ပြုလုပ်မိသော အရာတို့၌ စေတနာမပါ ပါ။
ဗုဒ္ဓဘုရားရှင် သက်ရှိထင်ရှားရှိစဉ်အခါက စက္ခုပါလမထေရ်သည် စင်္ကြံလျှောက်ရာ၌ မျက်စိမမြင်၍ ပိုးကောင်ငယ်လေးများကို နင်းမိရာ ပိုးကောင်လေးများသေဆုံးကြရသည်။ ထိုသို့နင်းရာ၌ ပိုးကောင်လေးများကို နင်းလိုသော သေစေလိုသော စေတနာမပါ။ ထိုသို့စေတနာမပါသော လုပ်ရပ်တို့၌ အကျိုးတရားမရှိပေ။ သိထားသင့်သည်မှာ ကောင်းသောအလုပ်ပဲဖြစ်ဖြစ် မကောင်းသောအလုပ်ပဲဖြစ်ဖြစ် လုပ်ချင်၍လုပ်လိုက်မိသော သိလျှက်နှင့်လုပ်လိုက်မိသော အရာတို့၌ စေတနာသည်ပါဝင်စမြဲဖြစ်သည်။ လုပ်လိုသော စိတ်ဆန္ဒအားကောင်းလျှင် စေတနာအားကောင်းမည်။ စေတနာအားကောင်းလျှင် အကျိုးပေးအားလည်းကောင်းမည်။
ဒါကြောင့် မိမိအတွက်ရော သူတစ်ပါးအတွက်ပါ အကျိုးဖြစ်စေမည့် ကောင်းသောအလုပ်ဟူသမျှ၌ စိတ်အားထက်သန်စွာလုပ်ခြင်းဖြင့် စေတနာအားကောင်းအောင်ကြိုးစားပြီး မိမိအတွက်ရော သူတစ်ပါးအတွက်ပါ အကျိုးယုတ်စေမည့် မကောင်းသောအလုပ်တို့ကို မလုပ်မိအောင် နေခြင်းဖြင့် မကောင်းသည့်စေတနာများ မကောင်းသည့်လုပ်ရပ်များ နည်းပါးအောင် မိမိစိတ်ကို ပြုပြင်ထိန်းသိမ်းနိုင်ဖို့ရာ လွန်စွာအရေးကြီးလှပါသည်။
ထိုသို့ပြုလုပ်ဆောင်ရွက်သွားနိုင်ပါလျှင် မိမိနှင့်တကွ မိမိရဲ့ပတ်ဝန်းကျင်မှာပါ စိတ်ချမ်းသာခြင်း ကိုယ်ချမ်းသာခြင်းများဖြင့် သာယာပျော်ရွှင်ဖွယ်ကောင်းသော ဘ၀လေးတွေကို ပိုင်ဆိုင်နိုင်ကြမည်မှာ အသေအချာပင်။ သာယာပျော်ရွှင်ဖွယ် ဘ၀လေးတွေကို ပိုင်ဆိုင်နိုင်ဖို့ လူတိုင်းလူတိုင်း မကောင်းသည့်ဘက်၌ ဖြစ်ပေါ်လာသော စေတနာတွေကို ရိုက်ချိုးပြီး ကောင်းတဲ့ဘက်၌ ကောင်းမွန်တဲ့စေတနာတွေ အားကောင်းလာအောင် ကြိုးစားနိုင်ကြပါစေဟု ပန်ခြွေတောင်းဆု ဆန္ဒပြုလိုက်ရပါသည်။
(စေတနာနှင့်ပတ်သက်၍ တက်နိုင်သလောက် အပြည့်အစုံရေးသားလိုသော်လည်း ဆိုဒ်ပေါ်တွင်ဖြစ်၍ မရေးသားနိုင်သည်ကို နားလည်ပေးကြပါ။ မရှင်းလင်းပါက kumuda775@gmail.com သို့ မေးပို့၍ ပြောကြားနိုင်ပါသည်)

အရှင်ကုမုဒ

Monday, August 3, 2009

ငွေတောင်ဦးတောင်



တာချီလိတ်မြို့လေးဟာ ထိုင်း-မြန်မာ အနီးကပ်ဆုံးသော နယ်စပ်မြို့လေးတစ်မြို့ပါ။ အကယ်၍များ သင် တာချီလိတ်မြို့သို့ အကြောင်းတစ်ခုခုကြောင့် ရောက်ရှိခဲ့ပါလျှင် နောက်ခံတောင်တန်းအလှတွေနဲ့ ရှည်မျော မျော မြို့လေးတစ်မြို့ဖြစ်တာကို သင်တွေ့ရှိရမှာပါ။ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နဲ့တစ်မြို့တည်းလို ဖြစ်နေတယ် ဆိုတာကိုလည်း တွေ့ရှိရပါဦးမယ်။ အဲဒီအခါ မြို့ရဲ့အလှအပတွေကို ရှုမြင်ခံစားချင်တယ်ဆိုရင်တော့ “ငွေတောင်ဦးတောင်”ကို သွားရောက်လိုက်ပါ။ အေးချမ်းတိတ်ဆိပ်ပြီး နှစ်နိုင်ငံရဲ့ မြို့တည်နေပုံတွေကို အသေး စိတ်မြင်တွေ့ရပါလိမ့်မယ်။ တာချီလိတ်မြို့ရဲ့ ရွှေတိဂုံဘုရား၊ မယ်ဆိုင်မြို့ရဲ့ ဦးအောင်ဇေယျဘုရားတို့ကိုလည်း တစ်နေရာထဲကနေ ဖူးမြော်မြင်တွေ့ရအုံးမှာပါ။ တစ်ချိန်က ငွေတောင်ဦးတောင်ဆိုတာ တက်ရတာ ခတ်ခဲပေမဲ့ ခုတော့ ကမဋ္ဌာန်းဆရာတော်ဘုရားကြီးရဲ့ ကြိုးစားအားထုတ်မှုဖြင့် လွယ်ကူစွာတက်ရောက်နိုင်နေပါပြီး။ ဆိုင်ကယ်နဲ့တက်မလား၊ ကားနဲ့တက်မလား။ ဝေ့၀ိုက်လှပစွာ ဖောက်လုပ်ထားသော ကွန်ကရစ်လမ်းလေးက သင်တို့တတွေ ဆိတ်ငြိမ်အေးချမ်းစွာနဲ့ မြို့ရဲ့အလှအပကို ခံစားကြည့်ရှုနိုင်ဖို့ ကျောခင်းပေးထားလျှက်ပါ။
ပြည်မကြီးကနေလာပြီး ပရိယတ်ကို ကြိုးစားအားထုတ်သာသာနာပြုနေတဲ့ စာသင်သားသံဃာတော်လေးတွေ တစ်ဖက်ထိုင်းနိုင်ငံမှ လာပြီး ပဋိပတ်ကို ကြိုးစားအားထုတ်နေတဲ့ ထိုင်းရဟန်းတော်တွေ (အမြဲတန်း 60-ကျော်)
တစ်ဖက်နိုင်ငံမှ ထိုင်းအမျိုးသား အမျိုးသမီးယောဂီတွေ၊ ပြည်တွင်းက ယောဂီတွေရဲ့ ပရိယတ်-ပဋိပတ် သာသနာနှစ်ရပ်ကို ကြိုးစားအားထုတ်နေပုံတွေကို ကြည်ညိုချင်တယ်ဆိုရင်လည်း ငွေတောင်ဦးတောင်ခြေက ကမဋ္ဌာန်းကျောင်းမှာ နေ့စဉ်နှင့်အမျှ ကြိုးစားအားထုတ်နေကြပါတယ်။ တာချီလိတ်ကို ရောက်ပြီး ဒီလို နေရာကို မှ မရောက်ခဲ့ဘူးဆိုရင်တော့ မြန်မာမှန်ပါလျှက် ပုဂံမရောက်ဖူးတဲ့ သူတွေလိုပဲ ကိုယ့်ကိုကိုယ် နောင်တ ရနေမိလိမ့်မယ်။ ကဲ သွားဖြစ်အောင်သာ သွားလိုက်ကြပါ။ ငွေတောင်ဦးတောင်ပေါ်ကနေ ရှုစားရမဲ့ ဓာတ်ပုံလေး တွေကိုတော့ ဓာတ်ပုံကနေ သွားကြည့်နိုင်ပါတယ်။

အရှင်ကုမုဒ

Sunday, August 2, 2009

ဖိတ်ခေါ်လျှက်ပါ




ဖိတ်ခေါ်လျှက်ပါ

တာချီလိတ်မြို့ ရှမ်းတို့ဋ္ဌာနေ
ကမဋ္ဌာန်းကျောင်း ၀တ်လျောင်းတည်ပေ
သတိပဋ္ဌာန်တရား ထင်ရှားပြနေ
လာရောက်ဖို့ ဖိတ်လို့ စေတနာဝေ။
နေရေးအတွက် မခတ်စေလို
စားသောက်ဖို့ရေး ဟင်းမွှေးပိုမို
ရေနဲ့မီးလည်း ပြည့်ပြီးစုံကို
အခမဲ့လာလှည့် သဒ္ဓါပို။

တရားအလုပ် အားထုတ်ဖို့ကွယ်
လူမျိုးမရွေး ကျွေးမွေးပါတယ်
စေတနာပန်း ပွင့်လန်းကာရယ်
မကြောင့်ကြ တောင့်တ ကင်းစေမယ်။

ဗုဒ္ဓဘုရား ဟောလေသည်မှာ
နိဗာန်စခန်း စံမြန်းဖို့ရာ
သံသရာလမ်း ဖြောင့်တန်းစေမှာ
ကြွရောက်လှမ်း ကမဋ္ဌာန်း ဤဋ္ဌာနာ
မဂ္ဂင်ပန်း ဆင်မြန်း တို့သူငါ။
အရှင်ကုမုဒ

Tuesday, July 14, 2009

ငွေတောင်ဦး တောင်ပေါ်မှထွက်ရှိသော ကျောက်ဖြင့် ထုပ်လုပ်ပူဇော်ထားရှိသော ဗုဒ္ဓဆင်းတုတော်







ငွေတောင်ဦး ကမ္မဌာန်းကျောင်းမှာ လှူဒါန်းမှုပြုအပ်သော ဗုဒ္ဓရုပ်ပွားတော် တစ်ဆူဖြစ်ပါသည်။ ၄င်းဆင်းတု တော်ကို ငွေတောင်ဦး တောင်ပေါ်မှ ထွက်ရှိသော ကျောက်အမဲဖြင့် ထုပ်လုပ်ပူဇော်ထားခြင်းဖြစ်သည်။ ယခုအခါ ဆင်းတုတော်ကို ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ၀ိရောစန ၏ သသာနာပြုရာ ထိုင်းနိုင်ငံ အတွင်းကိုးကွယ်ရန် ထိုင်းလူမျိုးများကို လှူဒါန်းပူဇော် ထားပါသည်။ ဓါပုံများမှာ ဘုရားဆင်းတုတော်ကို ထိုင်းနိုင်ငံသို့ ပင့်ဆောင်စဉ် ရိုက်ကူးထားသည့်ပုံများဖြစ်ပါသည်။ အများသူငှါ ကြည်ညိုသဒ္ဒါပွားနိုင်ကြပါစေ...

တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ အတွင်းရှိ ငွေတောင်ဦးဘုရားတောင် နှင့် ငွေတောင်ဦးကမ္မဌာန်းကျောင်း ကိုတာချီလိတ်နေ အများပြည်သူများ မသိသူ မရှိလောက်အောင် ထင်ရှားပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားတောင်သည် သာယာအေးချမ်းရှိသည်အပြင် ပတ်ဝန်းကျင်ရှု့ခင်းများကို စိတ်ကြည်နှုးစရာ ကြည့်ရှုခံစား
နိုင်ခြင်းနှင့် ကမ္မဌာန်းကျောင်း၏ ဗုဒ္ဒ္ဓဘာသာ တည်တံပြန့်ပွားရေးဆိုင်ရာ ပရိယတ္တိ၊ ပဋိပတ္တိ နှစ်ဌါနကို ဖြည့်ကျင့်၊ ပို့ချ၊ မှုများကောင်းခြင်းကြောင့် ဖြစ်ပါသည်။

Template by : kendhin x-template.blogspot.com