ဗုဒ္ဓတရား၏ အဆုံးအမအတိုင်း လိုက်နာကျင့်ကြံ အားထုပ်နိုင်သော သူတော်ကောင်း တရားသမား ဖြစ်နိုင်ကြပါစေ.....
သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ

Thursday, June 16, 2011

အဘိဓမ္မ ပိဋက မြန်မာပြန်

အဘိဓမ္မာ ပိဋက မြန်မာပြန် ကိုတင်ပေးလိုက်ပါတယ်။ အဘိဓမ္မာ (၇)ကျမ်းကို မြတ်စွာဘုရား တာဝတိံသာ မှာ ဟောခဲ့တယ်ဆိုတာကိုတော့ ဗုဒ္ဓဘာသာတိုင်း သိထားကြပြီးဖြစ်ပါတယ်။ အဲဒီ (၇)ကျမ်းထဲက မြန်မာပြန်အနေနဲ့ သီးသန့် မရှိတဲ့ ၁။ ပဌာန်းကျမ်း ၂။ ယမိုက်ကျမ်း ၃။ ဓာတုကထာကျမ်း တို့ကို ချန်ထားပြီးကျန်တဲ့ (၅)ကျမ်းဖြစ်တဲ့ ၁။ဓမ္မသဂ်ဏီကျမ်း
၂။ဝိဘင်းကျမ်း
၃။ကထာဝတ်ထု ကျမ်း
၎။ ပုဂ္ဂလပညတ်ကျမ်း တို့ကို တင်ပေးလိုက်ပါတယ်။ အဘိဓမ္မာကို လေ့လာချင်တဲ့ သူတွေ ဒီနေရာမှာ ယူထားလိုက်ကြပါလို့ တိုက်တွန်းအပ်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြား ကျမ်းမာ ချမ်းသာကြပါစေ လို့ ဆန္ဒပြုလျှက်။

အရှင်ကုမုဒ

သုတ်တန်-ပိဋက (၅)

သုတ်တန်ရဲ့ နောက်ဆုံးအနေနဲ့ သံယုတ်တ နိကာယ် ပါဠိတော် မြန်မာပြန်လေးကို တင်ပေးလိုက်ပါတယ်။ ဒီမှာ ကလစ်ပြီး ယူထားလိုက်ပါ။ အားလုံး ဘာသာသာသနာရေးကို စိတ်ဝင်တစား လေ့လာနိုင်ပါစေလို့ ဆန္ဒပြုလျှက်။

အရှင်ကုမုဒ

သုတ်တန်-ပိဋက (၄)

မဇ္ဈိမနိကယ် ပါဠိတော် မြန်မာပြန် ပါ။ ယူချင်ရင် ဒီနေရာလေးကို ကလစ်ပြီး ယူလိုက်ပါ။ ဦးပဇင်းကတော့ တက်နိုင်သလောက် တင်ပေးဦးမှာပါ။ ကိုယ်ကိုတိုင် မလုပ်နိုင်သေးပေမဲ့ သူငယ်ချင်းတွေဆီက နေရတဲ့ ပိဋက စာအုပ်လေးတွေကို ထပ်တင်ပေးဦးမှာပါ။ အားလုံးကို လေးစားလျှက်

အရှင်ကုမုဒ

သုတ်တန်-ပိဋက (၃)

ခုဒ္ဒကနိကာယ် ပါဠိတော် မြန်မာပြန်ကို တင်ပေးလိုက်ပါပြီ။ ယူချင်ရင်တော့ ဟောဒီမှာ ယူလိုက်ပါ။ ဘာသာရေးကို စိတ်ဝင်စားသူများ ယူထားသင့်တယ်လို့ ထင်ပါတယ်။ မိမိ ကွန်ပျူတာထဲမှာ သိမ်ထားလို့ ဒီလောက်နဲ့ စက်မလေးပါဘူး။ စိတ်ဝင်စားတဲ့အချိန်ဆိုရင် လွယ်လွယ်ကူကူ ကြည့်နိုင်တာပေါ့။

အားလုံးကို ခင်မင်လေးစားလျှက်

အရှင်ကုမုဒ

သုတ်တန်-ပိဋက (၂)

သုတ်တန်-ပိဋက ဒီက နိကာယ ပါ။ လိုချင်ရင် အောက်မှာယူလိုက်ပါ။ ဒီဃနိကာယမှာ ဘာတွေပါသလဲဆိုရင်
၁။ သီလက္ခန် ပါဠိတော် မြန်မာပြန်။
၂။ မဟာဝဂ်ပါဠိတော် မြန်မာပြန်။
၃။ ပါထိက၀ဂ် ပါဠိတော် မြန်မာပြန်တို့ပဲဖြစ်ပါတယ်။
လိုချင်တယ်ဆိုရင်တော့ ဒါလေးကို ကလစ်ပြီး ယူလိုက်ပေတော့။
(မိမိမှာ ရှိသမျှ တရားစာအုပ်လေးတွေကို မှတ်တမ်းအနေနဲ့ တင်ထားတာပါ။ လိုချင်တဲ့အချိန် လွယ်လွယ်ကူကူ ယူနိုင်အောင်လို့ပေါ့။ လင့်သေနေရင်တော့ မတက်နိုင်ဘူးလေ။ နောက်လည်း ရှိသမျှ တရားစာအုပ်တွေကို တင်ထားပေါးဦးမှာပါ)

အရှင်ကုမုဒ

Wednesday, June 15, 2011

သုတ်တန်-ပိဋက (၁)

ဝိနည်းငါးကျမ်းကိုတော့ တင်ခဲ့ပြီးပါပြီ။ ယခု သုတ္တန္တ ပိဋက နိကယ်ငါးရပ်ကို တစ်ခုချင်းစီ တင်ပေးလိုက်ပါတယ်။ လိုချင်တဲ့ စာအုပ်ကို လွယ်လွယ်ကူကူ ယူနိုင်ရန် တစ်အုပ်ချင်းစီ တင်ပေးလိုက်ပါတယ်။
လိုချင်တဲ့စာအုပ်ကို ကလစ်နှိပ်ပြီး download ယူလိုက်ယုံပါပဲ။ အောက်မှာ သူ့အပိုင်းနဲ့သူ တင်ပေးထားပါတယ်။
၁။ အဂ်ုတိုရ်-ဧကကနိပါတ် - မြန်မာပြန်။
၂။အဂ်ုတိုရ်-ဒုကနိပါတ် - မြန်မာပြန်။
၃။ အဂ်ုတိုရ်-တိကနိပါတ် - မြန်မာပြန်။
၎။ အဂ်တိုရ် - စတုက္ကနိပါတ် - မြန်မာပြန်။
၅။ အဂ်ုတိုရ် - ပဥ္ဏကနိပါတ် - မြန်မာပြန်။
၆။ အဂ်ုတိုရ် - ဆဌနိပါတ် - မြန်မာပြန်။
၇။ အဂ်ုတိုရ် - သတ္တကနိပါတ် - မြန်မာပြန်။
၈။ အဂ်ုတိုရ် - အဌကနိပါတ် - မြန်မာပြန်။
၉။ အဂ်ုတိုရ် - န၀ကနိပါတ် - မြန်မာပြန်။
၁၀။ အဂ်ုတိုရ် - ဒသက နိပါတ် - မြန်မာပြန်။
၁၁။ အဂ်ုတိုရ် - ဧကဒသက နိပါတ် - မြန်မာပြန်။
လိုချင်တဲ့အပိုင်းကို လွယ်လွယ်ကူကူယူနိုင်ရန် အပိုင်းပိုင်း ပြုလုပ်ပြီးတင်ပေးလိုက်တာပါ။ အားလုံးလိုချင်တဲ့သူအတွက်တော့ နည်းနည်းဒုက္ခများမယ်ထင်ပါတယ်။ ဒုက္ခများရင် သည်းခံပေးကြပါရန်။

အရှင်ကုမုဒ

Template by : kendhin x-template.blogspot.com