မြန်မာသက္ကရာဇ် ၁၃၇၃-ခု၊ ပြာသိုလဆန်း (၆)ရက်၊ ခရစ်သက္ကရာဇ် ၃၀.၁၂.၂၀၁၁ (သောကြာနေ့) တွင်ကျရောက်သော
ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိရောစန ၏ သက်တော် (၆၀)ပြည့် မွေးနေ့ မင်္ဂလာ တရားသဘင် အမှတ်တရ
ဓါတ်ပုံများ-
ဆရာတော်ဘုရား သက်တော်ရာကျော် ရှည်ပါစေ...ဘုရား
akmkuntha
ဆရာတော် သြ၀ါဒကထာ(ဆုံးမစာ)
(မုန်းစရာပုဂ္ဂိုလ်တို့ နှင့် ယှဉ်တွဲနေရသည့်ဆင်းရဲ)
”ကိုယ်ကသာ ချစ်၊ သူ မချစ်၊ ဒီချစ် ဆင်းရဲဆုံး“
(ချစ်စရာပုဂ္ဂိုလ်တို့ နှင့် မယှဉ်တွဲကင်းကွာနေရသည့်ဆင်းရဲ)
”ကိုယ်ကလည်း ချစ်၊ သူလည်း ချစ်၊ ဒီချစ် အသင့်ဆုံး“
(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ စိတ်ဝမ်းမကွဲအပြစ်ကင်း၊ ညီညွတ်စွာ ယှဉ်တွဲနေရသည့်ချမ်းသာ)
”ကိုယ်လည်း မချစ်၊ သူ မချစ်၊ ဒီချစ် အမြတ်ဆုံး“
(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ ချစ်ခြင်း မုန်းခြင်း ဆင်းရဲခြင်းမှလွတ်မြောက်စေရန် သတိပဋ္ဌာန်လေးပါး မြတ်တရားကိုပွားများအားထုတ်နိုင်မှသာ ဆင်းရဲငြိမ်းရာနိဗာန်သို့မျက်မှောက်ပြုကြရသည့်ချမ်းသာ)
အခန်းကဏ္ဍ
- တရားစာအုပ် (6)
- တရားစာအုပ် (1)
- ဓမ္မဆောင်းပါး (7)
- ဓါတ်ပုံ (22)
- သြ၀ါဒကထာ (7)
မိတ်ဆွေများ
Friday, December 30, 2011
ဆရာတော်ဘုရားကြီး၏ သက်တော် ၆၀ ပြည့် မွေးနေ့မင်္ဂလာ
Posted by
ငွေတောင်ဦး
at
1:34 PM
0
comments
Labels: ဓါတ်ပုံ
Sunday, September 11, 2011
ဆောက်လုပ်ဆဲတရားအားထုတ်ရန်၃-ထပ်ကျောင်း
၁၀-၁၀-၂၀၀၉ -ရက်နေ့က ဆောက်လုပ်ဆဲသုံးထပ်ကျောင်းဆောင်ဆိုပြီး တင်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုသုံးထပ်ကျောင်းဆောင်သည် ယောဂီသံဃာတော်များ သီတင်းသုံးရန်ဆောက်အတွက် ဆောက်လုပ်သော သုံးထပ်ကျောင်းဆောင်ဖြစ်ပြီး ယခုအခါ အားလုံးပြီးစီးသွားပြီးဖြစ်သည်။ ထိုသုံးထပ်ကျောင်းဆောင်တွင် တစ်ခန်းတစ်ခန်း၌ ရေချိုးခန်း ကုဋီ ရေပူ ရေအေး အားလုံးပါဝင်ပြီး ယောဂီများ သီတင်းသုံးရာ၌ ပြည့်ပြည့်စုံစုံ သီတင်းသုံးနေထိုင်နိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုတင်ပြသော သုံးထပ်ကျောင်းဆောင်မှာ ယောဂီများ တရားအားထုတ်ရန် အတွက် သီးသန့်ဆောက်လုပ်ခြင်းဖြစ်ပါသည်။ ယောဂီများ တရားအားထုတ်ရန် တရားနာရန်အတွက် ဓမ္မာရုံကြီး ရှိပြီးဖြစ်သော်လည်း ယောဂီများ ကြယ်ကြယ်ပြန့်ပြန့် တရားအားထုတ်ခြင်း စင်္ကြလျောက်ခြင်းများပြုလုပ်နိုင်ရန်၎င်း၊ အမျိုးသမီး အမျိုးသား ရဟန်းယောဂီများ သီးသန့် တရားအားထုတ်နိုင်ရန်၎င်း ရည်ရွယ်၍ ယခု သုံးထပ်ကျောင်းဆောင်သစ်ကို ဆောက်လုပ်နေခြင်းဖြစ်ပါသည်။ အားလုံးသော ဓမ္မမိတ်ဆွေ သူတော်စဉ်များ ကြည်ညိုသဒ္ဓါပွားများနိုင်ရန် တင်ပြလိုက်ပါသည်။
အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
6:50 AM
0
comments
Labels: ဓါတ်ပုံ
Saturday, September 10, 2011
စာသင်သားကိုရင်လေးများ
ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်သည် ပရိယတ် ပဋိပတ် ဓုရနှစ်ဖြာကို ကျင့်ကြံကြိုးကုတ် အားထုတ်နေသော ကျောင်းတိုက်တစ်ခုဖြစ်ပါသည်။ တရားအားထုတ်နေသော ယောဂီအရေအတွက်မှာ နေ့စဉ် အချိန်ပြည့် တရာကျော်မျှ ရှိပါသည်။ ထို့အတူ စာသင်သား ရဟန်းသာမဏေများမှာလည်း ငါးဆယ်ကျော်မှ ရှိပါသည်။ အခြေပြု မူငယ်လတ်ကြီးမှစ၍ ဓမ္မာစရိယတန်းအထိ ပရိယတ္တိ စာပေများကို သင်ကြားပို့ချပေးလျှက်ရှိပါသည်။ ယခုဆိုလျှင် ကျောင်းတိုက်မှ ၀ိနယဓရဘွဲ့ရ သံဃာများပင် ရှိနေပြီ။ ထိုသို့ ပရိယတ္တိ စာပေများကို ရွတ်ဆိုကျက်မှတ်နေစဉ် စာသင်သားသံဃားတော် ကိုရင်လေးများ၏ ဓာတ်ပုံကို တင်ပြပေးလိုက်ပါသည်။
အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
11:00 PM
0
comments
Labels: ဓါတ်ပုံ
အလူရာဟိုတယ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ
တာချီလိတ်မြို့။ အလူရာဟိုတယ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူစဉ် ဓာတ်ပုံများကို တင်ပေးလိုက်ပါသည်။ အလူရာဟိုတယ်သည် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်ရှိ သံဃာတော်များကို နှစ်စဉ် တနှစ်လျှင် နှစ်ကြိမ် သုံးကြိမ်း ဆွမ်းဆန်စိမ်းလောင်းလှူလေ့ရှိပါသည်။ ထိုသို့လောင်းလှူစဉ် ဓာတ်ပုံတစ်ချို့ကို တင်ပေးလိုက်ပါသည်။ အလူရာမိသားစုနှင့်တကွ ဟိုတယ်ဝန်ထမ်းများ ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေဟု ဆုတောင်ပတ္တနာပြုလျှက်
အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
10:33 PM
0
comments
Labels: ဓါတ်ပုံ
ဘာသာပြန်စဉ် ဓာတ်ပုံများ
ဆရာတော်သည် ကျောင်းတိုက်ရှိယောဂီသူတော်စဉ်အပေါင်းတို့အား နေ့စဉ် သြ၀ါဒပေးခြင်း၊ တရားစစ်ဆေးမေးမြန်းခြင်းများကို ပြုလုပ်ပေးသည်။ ထို့အပြင် ဥပုသ်နေ့တိုင်းတွင်လည်း ကျောင်းတိုက်ရှိ အမြဲယောဂီများနှင့်အချိန်ပိုင်းယောဂီများကို တရားရေအေးတိုက်ကြွေးလေ့ရှိပါသည်။ ထိုသို့ တရားဓမ္မများ ဟောကြားရာတွင် ထိုင်းယောဂီများအတွက် တရားပွဲပြီးလျှင် ဆရာလေး ဒေါ်မေဃ၀တီမှ ထိုင်းဘာသာ ပြန်ပေးရပါသည်။ ထိုထိုင်းဘာသာပြန်နေစဉ် ဓာတ်ပုံတစ်ချို့ကို ထင်ပေးလိုက်ပါသည်။ ကြည်ညိုသဒ္ဓါ ပွားနိုင်ကြပါစေ။အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
9:56 PM
0
comments
Labels: ဓါတ်ပုံ
