ဗုဒ္ဓတရား၏ အဆုံးအမအတိုင်း လိုက်နာကျင့်ကြံ အားထုပ်နိုင်သော သူတော်ကောင်း တရားသမား ဖြစ်နိုင်ကြပါစေ.....
သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ

Friday, November 19, 2010

၁၆.၁၁.၂၀၁၀ ဘုံကထိန်ပွဲ အမှတ်တရ

ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်၏ (၁၆.၁၁.၂၀၁၀) နေ့ ဘုံကထိန်ပွဲအမှတ်တရဓါတ်ပုံများ..

ပဒေသပင်များ.
Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

ဆရာတော်အား ထိုင်းနိုင်ငံမှာ တပည့်တဒါယာကာ၊ ဒါယိကာများ လာရောက်ဖူးတွေ့စဉ်.
Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

ပဒေသပင်အား ထိုင်း လူမျိုးများ သယ်ယူလာစဉ်
Free Image Hosting at www.ImageShack.us

ထိုင်းနိုင်ငံမှ လာရောက်တရားအားထုပ်နေကြသည့် သံဃာတော်များ ဆွမ်းဘုန်းပေးရန်ကြွချီလာစဉ်
Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

စာသင်သား ကိုရင်ငယ်များ.
Free Image Hosting at www.ImageShack.us

ငွေတောင်ဦးကမ္မဌာန်းကျောင်းသည် မြတ်ဗုဒ္ဒ၏ သာသနာတော်စည်ပင်စေခြင်းအကျိုးငှါ စာသင်သားသံဃာတော်များအား ဗုဒ္ဒစာပေများကို သင်ကြားပို့ချပေးခြင်းအပြင် ကမ္မဌာန်းတရားအားထုပ်မှုများကိုလည်း ရဟန်းသံဃာ၊ သီလရှင်၊ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ကို ဆင်းရဲချမ်းသာလူမျိုးမခွဲပဲ သာသနာ့ဝန်ကို ထမ်းဆောင်နေသည့် ကျောင်းဖြစ်သည်နှင့်အညီ သံဃာတော်အပေါင်းအား လှူဒါန်းရခြင်းအကျိုးကြောင့် နတ်လူ သာဓုခေါ်စေနိုင်ဖို့ လှူဒါန်းမှုအစုစုကို မျှဝေ တင်ပြလိုက်ပါသည်။

Thursday, July 29, 2010

၂၄ ကြိမ်မြောက် ၀ါဆိုသင်္ကန်း ကပ်လှူပွဲ အမှတ်တရ

(၂၇.၇.၂၀၁၀) နေ့တွင် ငွေတောင်ဦး ကမ္မဌာန်းကျောင်း၏ ၂၄ ကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲ အမှတ်တရဖြစ် ကုသိုလ်ဒါနပွားများစေကြောင်းအကျိုးငှါ ဓါတ်ပုံများကို ဖော်ပြလိုက်ပါသည်။

Free Image Hosting at www.ImageShack.us Free  Image Hosting at www.ImageShack.us
Free Image Hosting at www.ImageShack.us Free Image Hosting at www.ImageShack.us
Free Image Hosting at www.ImageShack.us Free Image Hosting at www.ImageShack.us
Free Image Hosting at www.ImageShack.us Free Image Hosting at www.ImageShack.us
Free Image Hosting at www.ImageShack.us Free Image Hosting at www.ImageShack.us
Free Image Hosting at www.ImageShack.us
Free Image Hosting at www.ImageShack.us

Saturday, January 2, 2010

ဥာဏ်စဉ်တရား နာယူမှတ်သားခြင်း

ငွေတောင်ဦးကမဋ္ဌာန်းကျောင်းတိုက်တွင် တရားအားထုတ်ကြသော ယောဂီများသည် အနည်းဆုံး4လ မှစ၍
7လတိုင်တိုင် တရားအားထုတ်ကြရသည်။ တချို့ယူထားကြသော သူများကို ရက်တိုးတရားအားထုတ်ခွင့်ပြု
ထားသည်။ 4လမှစ၍7လတိုင်တိုင် တရားအားထုတ်ကြသော ယောဂီများကို 4လပြည့်လျှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ၀ိသုဒ္ဓိနှင့်ဥာဏ်စဉ်တရားတော်ကို
နာယူမှတ်သားစေပါသည်။ ဥာဏ်စဉ်တရားကို နာယူမှတ်သားခြင်းအားဖြင့် မိမိတို့ လေးလတိုင်တိုင်း တရားအားထုတ်ခဲ့သည်မှာ မည်သည့်ဥာဏ်သို့ရောက်သည်ကို ချင့်ချိန်နိုင်ရန် ဖြစ်သည်။ ထိုဥာဏ်စဉ်တရားကို
တရားအားမထုတ်ဘူးသူများ နာယူမှတ်သားခွင့် မရှိပေ။ တရားအားထုတ်သော်လည်း ဥာဏ်အဆင့်မမှီသေးသူများကို နာယူမှတ်သားခွင့် မပြုပေ။ တရားကို ကောင်းစွာအားထုတ်ပြီး ဥာဏ်အဆင့်မီသူ များကိုသာ နာယူမှတ်သားခွင့်ပြုပါသည်။












အရှင်ကုမုဒ

တရားစစ်ဆေးမေးမြန်းလျှောက်ထားခြင်း

တာချီလိတ်မြို့၊ ငွေတောင်ဦးကမဌာန်းကျောင်းတိုက်တွင် တရားအားထုတ်ကြသော ယောဂီတို့သည်
မိမိတို့ တစ်နေ့တာ အားထုတ်သမျှကို ညစဉ်ညတိုင်း ဆရာတော်ဘုရားထံမှာ လျှောက်ထားကြရလေသည်။
ဒီလိုလျှောက်ထားခြင်းအားဖြင့် ယောဂီသည် ချောင်ခို၍မရပေ၊ တရားအားထုတ်မှု အားကောင်းမကောင်းကို
ဆရာတော်ထံလျှောက်ထားခြင်းဖြင့် ဆရာတော်မှ တရားတိုးတက်မှုရှိ/မရှိကို ချင့်ချိန်၍ သိရှိရလေသည်။
လိပ်ညာ၍ မရပေ၊ တရားအားထုတ်ရာတွင် မှားယွင်းမှုများရှိပါကလည်း ယခုလိုလျှောက်ထားခြင်းဖြင့် ဆရာတော်မှ ပြုပြင်ပေးရသည်။ ဒါမှလည်း ယောဂီသည် တရားတိုးတက်မှု ရှိလေသည်။ ယခုလည်း တစ်နေ့တာ
အားထုတ်သမျှကို ဆရာတော်ဘုရားထံလျှောက်ထားကြည်စဉ် ဓာတ်ပုံတစ်ချို့ကို အများသူငါ သိရှိနားလည်နိုင်ကြစေရန်နှင့် ကြည်ညိုသဒ္ဓါတိုးပွားပါစေရန်အလို့ငှာ တင်ပြပေးလိုက်ပါသည်။









အရှင်ကုမုဒ

Template by : kendhin x-template.blogspot.com