ဗုဒ္ဓတရား၏ အဆုံးအမအတိုင်း လိုက်နာကျင့်ကြံ အားထုပ်နိုင်သော သူတော်ကောင်း တရားသမား ဖြစ်နိုင်ကြပါစေ.....
သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ

Tuesday, July 14, 2009

ဆရာတော် ဘဒ္ဒန္တ၀ိရောစန ၏ သြ၀ါဒကထာ (ဆုံးမစာ)

”ကိုယ်က မချစ်၊ သူက ချစ်၊ ဒီချစ် အမုန်းဆုံး“
(မုန်းစရာပုဂ္ဂိုလ်တို့ နှင့် ယှဉ်တွဲနေရသည့်ဆင်းရဲ)

”ကိုယ်ကသာ ချစ်၊ သူ မချစ်၊ ဒီချစ် ဆင်းရဲဆုံး“
(ချစ်စရာပုဂ္ဂိုလ်တို့ နှင့် မယှဉ်တွဲကင်းကွာနေရသည့်ဆင်းရဲ)

”ကိုယ်ကလည်း ချစ်၊ သူလည်း ချစ်၊ ဒီချစ် အသင့်ဆုံး”
(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ စိတ်ဝမ်းမကွဲ
အပြစ်ကင်း၊ ညီညွတ်စွာ ယှဉ်တွဲနေရသည့်ချမ်းသာ)

”ကိုယ်လည်း မချစ်၊ သူ မချစ်၊ ဒီချစ် အမြတ်ဆုံး“
(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ ချစ်ခြင်း မုန်းခြင်း ဆင်းရဲခြင်းမှ
လွတ်မြောက်စေရန် သတိပဋ္ဌာန်လေးပါး မြတ်တရားကို
ပွားများအားထုတ်နိုင်မှသာ ဆင်းရဲငြိမ်းရာနိဗာန်သို့
မျက်မှောက်ပြုကြရသည့်ချမ်းသာ)

0 comments:

Template by : kendhin x-template.blogspot.com