မြန်မာသက္ကရာဇ် ၁၃၇၃-ခု၊ ပြာသိုလဆန်း (၆)ရက်၊ ခရစ်သက္ကရာဇ် ၃၀.၁၂.၂၀၁၁ (သောကြာနေ့) တွင်ကျရောက်သော
ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိရောစန ၏ သက်တော် (၆၀)ပြည့် မွေးနေ့ မင်္ဂလာ တရားသဘင် အမှတ်တရ
ဓါတ်ပုံများ-
ဆရာတော်ဘုရား သက်တော်ရာကျော် ရှည်ပါစေ...ဘုရား
akmkuntha

ငွေတောင်ဦးကမ္မဌာန်းကျောင်း ပဓာန နာယကဆရာတော် ဘဒ္ဒန္တ၀ိရောစန (မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ကမ္မဌာနစရိယ)
ဆရာတော် သြ၀ါဒကထာ(ဆုံးမစာ)
(မုန်းစရာပုဂ္ဂိုလ်တို့ နှင့် ယှဉ်တွဲနေရသည့်ဆင်းရဲ)
”ကိုယ်ကသာ ချစ်၊ သူ မချစ်၊ ဒီချစ် ဆင်းရဲဆုံး“
(ချစ်စရာပုဂ္ဂိုလ်တို့ နှင့် မယှဉ်တွဲကင်းကွာနေရသည့်ဆင်းရဲ)
”ကိုယ်ကလည်း ချစ်၊ သူလည်း ချစ်၊ ဒီချစ် အသင့်ဆုံး“
(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ စိတ်ဝမ်းမကွဲအပြစ်ကင်း၊ ညီညွတ်စွာ ယှဉ်တွဲနေရသည့်ချမ်းသာ)
”ကိုယ်လည်း မချစ်၊ သူ မချစ်၊ ဒီချစ် အမြတ်ဆုံး“
(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ ချစ်ခြင်း မုန်းခြင်း ဆင်းရဲခြင်းမှလွတ်မြောက်စေရန် သတိပဋ္ဌာန်လေးပါး မြတ်တရားကိုပွားများအားထုတ်နိုင်မှသာ ဆင်းရဲငြိမ်းရာနိဗာန်သို့မျက်မှောက်ပြုကြရသည့်ချမ်းသာ)
ဘ၀တန်ဖိုး
နာယကဘုန်းကြီး ဦးစန္ဒိမာ
နာယကဘုန်းကြီး ဦးကောဝိဒ
blog-ပြုစုသူ

အခန်းကဏ္ဍ
- တရားစာအုပ် (6)
- တရားစာအုပ် (1)
- ဓမ္မဆောင်းပါး (7)
- ဓါတ်ပုံ (26)
- သြ၀ါဒကထာ (7)
မိတ်ဆွေများ
Friday, December 30, 2011
ဆရာတော်ဘုရားကြီး၏ သက်တော် ၆၀ ပြည့် မွေးနေ့မင်္ဂလာ
Posted by
ငွေတောင်ဦး
at
1:34 PM
0
comments
Labels: ဓါတ်ပုံ
Sunday, September 11, 2011
ဆောက်လုပ်ဆဲတရားအားထုတ်ရန်၃-ထပ်ကျောင်း
၁၀-၁၀-၂၀၀၉ -ရက်နေ့က ဆောက်လုပ်ဆဲသုံးထပ်ကျောင်းဆောင်ဆိုပြီး တင်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုသုံးထပ်ကျောင်းဆောင်သည် ယောဂီသံဃာတော်များ သီတင်းသုံးရန်ဆောက်အတွက် ဆောက်လုပ်သော သုံးထပ်ကျောင်းဆောင်ဖြစ်ပြီး ယခုအခါ အားလုံးပြီးစီးသွားပြီးဖြစ်သည်။ ထိုသုံးထပ်ကျောင်းဆောင်တွင် တစ်ခန်းတစ်ခန်း၌ ရေချိုးခန်း ကုဋီ ရေပူ ရေအေး အားလုံးပါဝင်ပြီး ယောဂီများ သီတင်းသုံးရာ၌ ပြည့်ပြည့်စုံစုံ သီတင်းသုံးနေထိုင်နိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုတင်ပြသော သုံးထပ်ကျောင်းဆောင်မှာ ယောဂီများ တရားအားထုတ်ရန် အတွက် သီးသန့်ဆောက်လုပ်ခြင်းဖြစ်ပါသည်။ ယောဂီများ တရားအားထုတ်ရန် တရားနာရန်အတွက် ဓမ္မာရုံကြီး ရှိပြီးဖြစ်သော်လည်း ယောဂီများ ကြယ်ကြယ်ပြန့်ပြန့် တရားအားထုတ်ခြင်း စင်္ကြလျောက်ခြင်းများပြုလုပ်နိုင်ရန်၎င်း၊ အမျိုးသမီး အမျိုးသား ရဟန်းယောဂီများ သီးသန့် တရားအားထုတ်နိုင်ရန်၎င်း ရည်ရွယ်၍ ယခု သုံးထပ်ကျောင်းဆောင်သစ်ကို ဆောက်လုပ်နေခြင်းဖြစ်ပါသည်။ အားလုံးသော ဓမ္မမိတ်ဆွေ သူတော်စဉ်များ ကြည်ညိုသဒ္ဓါပွားများနိုင်ရန် တင်ပြလိုက်ပါသည်။
အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
6:50 AM
0
comments
Labels: ဓါတ်ပုံ
Saturday, September 10, 2011
စာသင်သားကိုရင်လေးများ
ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်သည် ပရိယတ် ပဋိပတ် ဓုရနှစ်ဖြာကို ကျင့်ကြံကြိုးကုတ် အားထုတ်နေသော ကျောင်းတိုက်တစ်ခုဖြစ်ပါသည်။ တရားအားထုတ်နေသော ယောဂီအရေအတွက်မှာ နေ့စဉ် အချိန်ပြည့် တရာကျော်မျှ ရှိပါသည်။ ထို့အတူ စာသင်သား ရဟန်းသာမဏေများမှာလည်း ငါးဆယ်ကျော်မှ ရှိပါသည်။ အခြေပြု မူငယ်လတ်ကြီးမှစ၍ ဓမ္မာစရိယတန်းအထိ ပရိယတ္တိ စာပေများကို သင်ကြားပို့ချပေးလျှက်ရှိပါသည်။ ယခုဆိုလျှင် ကျောင်းတိုက်မှ ၀ိနယဓရဘွဲ့ရ သံဃာများပင် ရှိနေပြီ။ ထိုသို့ ပရိယတ္တိ စာပေများကို ရွတ်ဆိုကျက်မှတ်နေစဉ် စာသင်သားသံဃားတော် ကိုရင်လေးများ၏ ဓာတ်ပုံကို တင်ပြပေးလိုက်ပါသည်။
အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
11:00 PM
0
comments
Labels: ဓါတ်ပုံ
အလူရာဟိုတယ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ
တာချီလိတ်မြို့။ အလူရာဟိုတယ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူစဉ် ဓာတ်ပုံများကို တင်ပေးလိုက်ပါသည်။ အလူရာဟိုတယ်သည် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်ရှိ သံဃာတော်များကို နှစ်စဉ် တနှစ်လျှင် နှစ်ကြိမ် သုံးကြိမ်း ဆွမ်းဆန်စိမ်းလောင်းလှူလေ့ရှိပါသည်။ ထိုသို့လောင်းလှူစဉ် ဓာတ်ပုံတစ်ချို့ကို တင်ပေးလိုက်ပါသည်။ အလူရာမိသားစုနှင့်တကွ ဟိုတယ်ဝန်ထမ်းများ ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေဟု ဆုတောင်ပတ္တနာပြုလျှက်
အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
10:33 PM
0
comments
Labels: ဓါတ်ပုံ
ဘာသာပြန်စဉ် ဓာတ်ပုံများ
ဆရာတော်သည် ကျောင်းတိုက်ရှိယောဂီသူတော်စဉ်အပေါင်းတို့အား နေ့စဉ် သြ၀ါဒပေးခြင်း၊ တရားစစ်ဆေးမေးမြန်းခြင်းများကို ပြုလုပ်ပေးသည်။ ထို့အပြင် ဥပုသ်နေ့တိုင်းတွင်လည်း ကျောင်းတိုက်ရှိ အမြဲယောဂီများနှင့်အချိန်ပိုင်းယောဂီများကို တရားရေအေးတိုက်ကြွေးလေ့ရှိပါသည်။ ထိုသို့ တရားဓမ္မများ ဟောကြားရာတွင် ထိုင်းယောဂီများအတွက် တရားပွဲပြီးလျှင် ဆရာလေး ဒေါ်မေဃ၀တီမှ ထိုင်းဘာသာ ပြန်ပေးရပါသည်။ ထိုထိုင်းဘာသာပြန်နေစဉ် ဓာတ်ပုံတစ်ချို့ကို ထင်ပေးလိုက်ပါသည်။ ကြည်ညိုသဒ္ဓါ ပွားနိုင်ကြပါစေ။အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
9:56 PM
0
comments
Labels: ဓါတ်ပုံ
Thursday, June 16, 2011
အဘိဓမ္မ ပိဋက မြန်မာပြန်
အဘိဓမ္မာ ပိဋက မြန်မာပြန် ကိုတင်ပေးလိုက်ပါတယ်။ အဘိဓမ္မာ (၇)ကျမ်းကို မြတ်စွာဘုရား တာဝတိံသာ မှာ ဟောခဲ့တယ်ဆိုတာကိုတော့ ဗုဒ္ဓဘာသာတိုင်း သိထားကြပြီးဖြစ်ပါတယ်။ အဲဒီ (၇)ကျမ်းထဲက မြန်မာပြန်အနေနဲ့ သီးသန့် မရှိတဲ့ ၁။ ပဌာန်းကျမ်း ၂။ ယမိုက်ကျမ်း ၃။ ဓာတုကထာကျမ်း တို့ကို ချန်ထားပြီးကျန်တဲ့ (၅)ကျမ်းဖြစ်တဲ့ ၁။ဓမ္မသဂ်ဏီကျမ်း
၂။ဝိဘင်းကျမ်း
၃။ကထာဝတ်ထု ကျမ်း
၎။ ပုဂ္ဂလပညတ်ကျမ်း တို့ကို တင်ပေးလိုက်ပါတယ်။ အဘိဓမ္မာကို လေ့လာချင်တဲ့ သူတွေ ဒီနေရာမှာ ယူထားလိုက်ကြပါလို့ တိုက်တွန်းအပ်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြား ကျမ်းမာ ချမ်းသာကြပါစေ လို့ ဆန္ဒပြုလျှက်။
အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
6:39 PM
0
comments
Labels: တရားစာအုပ်
သုတ်တန်-ပိဋက (၅)
သုတ်တန်ရဲ့ နောက်ဆုံးအနေနဲ့ သံယုတ်တ နိကာယ် ပါဠိတော် မြန်မာပြန်လေးကို တင်ပေးလိုက်ပါတယ်။ ဒီမှာ ကလစ်ပြီး ယူထားလိုက်ပါ။ အားလုံး ဘာသာသာသနာရေးကို စိတ်ဝင်တစား လေ့လာနိုင်ပါစေလို့ ဆန္ဒပြုလျှက်။
အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
6:30 PM
0
comments
Labels: တရားစာအုပ်
သုတ်တန်-ပိဋက (၄)
မဇ္ဈိမနိကယ် ပါဠိတော် မြန်မာပြန် ပါ။ ယူချင်ရင် ဒီနေရာလေးကို ကလစ်ပြီး ယူလိုက်ပါ။ ဦးပဇင်းကတော့ တက်နိုင်သလောက် တင်ပေးဦးမှာပါ။ ကိုယ်ကိုတိုင် မလုပ်နိုင်သေးပေမဲ့ သူငယ်ချင်းတွေဆီက နေရတဲ့ ပိဋက စာအုပ်လေးတွေကို ထပ်တင်ပေးဦးမှာပါ။ အားလုံးကို လေးစားလျှက်
အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
6:21 PM
0
comments
Labels: တရားစာအုပ်
သုတ်တန်-ပိဋက (၃)
ခုဒ္ဒကနိကာယ် ပါဠိတော် မြန်မာပြန်ကို တင်ပေးလိုက်ပါပြီ။ ယူချင်ရင်တော့ ဟောဒီမှာ ယူလိုက်ပါ။ ဘာသာရေးကို စိတ်ဝင်စားသူများ ယူထားသင့်တယ်လို့ ထင်ပါတယ်။ မိမိ ကွန်ပျူတာထဲမှာ သိမ်ထားလို့ ဒီလောက်နဲ့ စက်မလေးပါဘူး။ စိတ်ဝင်စားတဲ့အချိန်ဆိုရင် လွယ်လွယ်ကူကူ ကြည့်နိုင်တာပေါ့။
အားလုံးကို ခင်မင်လေးစားလျှက်
အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
6:14 PM
0
comments
Labels: တရားစာအုပ်
သုတ်တန်-ပိဋက (၂)
သုတ်တန်-ပိဋက ဒီက နိကာယ ပါ။ လိုချင်ရင် အောက်မှာယူလိုက်ပါ။ ဒီဃနိကာယမှာ ဘာတွေပါသလဲဆိုရင်
၁။ သီလက္ခန် ပါဠိတော် မြန်မာပြန်။
၂။ မဟာဝဂ်ပါဠိတော် မြန်မာပြန်။
၃။ ပါထိက၀ဂ် ပါဠိတော် မြန်မာပြန်တို့ပဲဖြစ်ပါတယ်။
လိုချင်တယ်ဆိုရင်တော့ ဒါလေးကို ကလစ်ပြီး ယူလိုက်ပေတော့။
(မိမိမှာ ရှိသမျှ တရားစာအုပ်လေးတွေကို မှတ်တမ်းအနေနဲ့ တင်ထားတာပါ။ လိုချင်တဲ့အချိန် လွယ်လွယ်ကူကူ ယူနိုင်အောင်လို့ပေါ့။ လင့်သေနေရင်တော့ မတက်နိုင်ဘူးလေ။ နောက်လည်း ရှိသမျှ တရားစာအုပ်တွေကို တင်ထားပေါးဦးမှာပါ)
အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
4:05 PM
0
comments
Labels: တရားစာအုပ်
Wednesday, June 15, 2011
သုတ်တန်-ပိဋက (၁)
ဝိနည်းငါးကျမ်းကိုတော့ တင်ခဲ့ပြီးပါပြီ။ ယခု သုတ္တန္တ ပိဋက နိကယ်ငါးရပ်ကို တစ်ခုချင်းစီ တင်ပေးလိုက်ပါတယ်။ လိုချင်တဲ့ စာအုပ်ကို လွယ်လွယ်ကူကူ ယူနိုင်ရန် တစ်အုပ်ချင်းစီ တင်ပေးလိုက်ပါတယ်။
လိုချင်တဲ့စာအုပ်ကို ကလစ်နှိပ်ပြီး download ယူလိုက်ယုံပါပဲ။ အောက်မှာ သူ့အပိုင်းနဲ့သူ တင်ပေးထားပါတယ်။
၁။ အဂ်ုတိုရ်-ဧကကနိပါတ် - မြန်မာပြန်။
၂။အဂ်ုတိုရ်-ဒုကနိပါတ် - မြန်မာပြန်။
၃။ အဂ်ုတိုရ်-တိကနိပါတ် - မြန်မာပြန်။
၎။ အဂ်တိုရ် - စတုက္ကနိပါတ် - မြန်မာပြန်။
၅။ အဂ်ုတိုရ် - ပဥ္ဏကနိပါတ် - မြန်မာပြန်။
၆။ အဂ်ုတိုရ် - ဆဌနိပါတ် - မြန်မာပြန်။
၇။ အဂ်ုတိုရ် - သတ္တကနိပါတ် - မြန်မာပြန်။
၈။ အဂ်ုတိုရ် - အဌကနိပါတ် - မြန်မာပြန်။
၉။ အဂ်ုတိုရ် - န၀ကနိပါတ် - မြန်မာပြန်။
၁၀။ အဂ်ုတိုရ် - ဒသက နိပါတ် - မြန်မာပြန်။
၁၁။ အဂ်ုတိုရ် - ဧကဒသက နိပါတ် - မြန်မာပြန်။
လိုချင်တဲ့အပိုင်းကို လွယ်လွယ်ကူကူယူနိုင်ရန် အပိုင်းပိုင်း ပြုလုပ်ပြီးတင်ပေးလိုက်တာပါ။ အားလုံးလိုချင်တဲ့သူအတွက်တော့ နည်းနည်းဒုက္ခများမယ်ထင်ပါတယ်။ ဒုက္ခများရင် သည်းခံပေးကြပါရန်။
အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
6:19 PM
1 comments
Labels: တရားစာအုပ်
Tuesday, May 31, 2011
ကဆုန်ဘုရားပွဲ အလှူရှင်များ
၁။ မိခင်ကြီးဒေါ်မြရွှေအား အမှုးထား၍ ဦးခင်မောင်ဝင်း+ဒေါ်သီသီဝင်း မိသားစု
၂။ ဦးဝင်းနိုင်+ဒေါ်မြမြ၀င်း မိသားစု
၃။ ဦးဖိုင်းလွတ်+ဒေါ်တင်မိုးခိုင် မိသားစု
၎။ ဦးစိန်လှိုင်+ဒေါ်အဝှေ့ မိသားစု
၅။ ဦးစိုင်းတစ်+ဒေါ်ရီရီထွေး၊ ဦးအာချင် မိသားစု
၆။ ဦးစိုင်းထွန်းအောင်+ဒေါ်သန်းသန်းဦး မိသားစု
၇။ ဦးစိန်သန်း မိသားစု
၈။ ဦးဇော်ဝင်း+ဒေါ်အေးအေးစန်း မိသားစု
၉။ ဒေါ်မဲ mp-3 မိသားစု
၁၀။ ဒေါ်စန်းစန်းမြင့် မိသားစု
၁။မလွင် တာလော့
၂။ မရွေရည် တာလော့
၁။ဗယ်လင်တိုင်း၊နိုင်နိုင်း မိသားစုမှ ထမင်းကြော်ဘူး ၂၀၀-ဘူး။
၂။မိုးကုတ်ကြီးနှင့်အဖွဲ့
၁။ ဦးစိုင်းနော်ခမ်း+ဒေါ်ဝင်းလှ မိသားစု
၂။ ဦးကိုမောင်+ဒေါ်စမ်းစမ်း မိသားစု
၃။ ဦးတင်ဝင်း+ဒေါ်အေးနှင်းခိုင် မိသားစု
၁။ ပုန်းထွန်ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၂-လုံး
၂။ မေတ္တာရှင် သာရေးနာရေး အသင်းမှ ၁-လုံး
၃။ ကျောက်တောင်ရပ်ကွက် သာရေးနာရေး အသင်းမှ ၁-လုံး
၁။ ဦးဥတ္တမအား အမှူးထား၍ ဒေါ်မိမိနွယ် မိသားစု ဆန်ဆိုင်း ၃၀၀-ဗူး
၂။ ဦးမောင်ဦး(ခ)ဦးတင်ဝင်း+ဒေါ်ခင်ညွှန့်နှင့် အလှူရှင်များ ၂၃၃-ဗူး
၃။ ဒေါ်သွယ်သွယ်ထွန်း ဆ.သ.ရ (စာတိုက်) ၁၀၀-ဗူး
၎။ မဝေနှင့်သူငယ်ချင်းများအဖွဲ့ ရေဆွဲ ၁၀၀-ဆွဲ
၅။ ဦးဖိုးရှမ်း+ဒေါ်အေးသူဇာမိုး ၅၀-ဗူး
၆။ ဦးကိုမောင်+ဒေါ်စမ်းစမ်း မိသားစု ၅၀-ဗူး။
၁။ ဦးညီညီအောင်+ဒေါ်မိမိခမ်း မိသားစု ကြွေပြား ၁၀-ဖာ ၂၀၅၀-ဘတ်။
၂။ဦးလှမြင့်အောင်+ဒေါ်ခင်တိုးကြည် မိသားစု တံမြက်စည်း ၃၀၀၀-ဘတ်။
၁။ ဦးထွန်းနေဦး+ဒေါ်ခင်ခင်ချို မိသားစု ၀မ်ကောင်း ၁၀၀၀၀-ဘတ်
၂။ ဦးမျိုးသူဝင်း+ဒေါ်သန်းသန်းဌေး မိသားစု အကယ်ဒမီရွှေသန့် ရန်ကုန် ၃၀၀၀-ဘတ်
၃။ ဦးစပ်နွဲ့သင်း မိသားစု ပုန်းထွန် ၁၀၀၀-ဘတ်
၎။ စာတိုက်မှူး ဦးလှမြင့်အောင် ဒေါ်ခင်တိုးကြည် မိသားစု ၁၀၀၀-ဘတ်
၅။ ဦးအောင်မျိုးဝင်း+ဒေါ်စိုးဥမာ မိသားစု ၀မ်ကောင်း ၂၀၀၀-ဘတ်
၆။ ဦးမောင်ဝင်း မိသားစု တာလော့ ၃၀၀၀-ဘတ်
၇။ G.D.O မိသားစု တာလော့ ၁၀၀၀-ဘတ်
၈။ ဦးဝင်းမော် မိသားစု ၁၀၀၀-ဘတ်
၉။ ဒေါ်ရည်မွန် မိသားစု မကာဟိုခမ်း ၁၀၀၀-ဘတ်
၁၀။ ဦးထွန်းထွန်းဝင်း မိသားစု မကာဟိုခမ်း ၁၀၀၀-ဘတ်
၁၁။ ရဲအုပ် အောင်မျိုးဇော်လွင် မူးယစ်အထူးအဖွဲ့ ၁၀၀၀-ဘတ်။
၁။မိုးကုတ်ကြီး၊ မလွင်၊ မယဉ်အေးနှင့်အဖွဲ့ ရေခဲမုန့်
၂။ ဦးရွှေသိန်း မိသားစု အချိုရည်
၃။ ဦးကြည်အောင်+ဒေါ်တိုးကြည် မိသားစု မန်ကျည်းဖျော်ရည်
၎။ မဝေနှင့်သူငယ်ချင်းများအဖွဲ့ အအေး
၅။ Gonden Triangle Hotel k.k.c ၀န်ထမ်းများ စပွန်ဆာ၊ ရေသန့်ဘူး၊ စနိုးတာဝါ
၆။ Regina Hotel ၀န်ထမ်းများ အအေး
၇။ ဦးမဲ+ဒေါ်ပါပါး မိသားစု ဆန်းကွတ်အဖျော်ရည်
၈။ ဦးထွန်းလူနှင့် သူငယ်ချင်းများ အအေးဘူးများ
၉။ ညောင်ညိုရိပ်အဖွဲ မန်ကျည်းဖျော်ရည်
၁၀။ ပုန်းထွန်တောင်တက်အဖွဲ့ ခေါက်ဆွဲ အအေး
၁၁။ ဦးထွန်းအောင်+ဒေါ်ထွေး မိသားစု အအေး
၁၂။ ဦးစိုင်းနော်ခမ်း+ဒေါ်ဝင်းလှ မိသားစု (သား)စိုင်းလင်းရှဲန် (သမီး)နန်းသိင်္ဂီမြင့် ကြံရည်မုန့်လက်ဆောင်
၁၃။ နန်းစိန်သန်း၊နန်းရွှေကျင်၊ မစန်းစန်းမြင့်၊ နန်းကျင်၊ နန်းဝိုးကျောက်၊ မရီရီမြင့်
ကိတ်မုန်၊ ရေ၊ ရွှေရင်အေး
၁၄။ နန်းမုန်းကျောက် ရွှေရင်အေး
၁၅။ နန်းရွှေစင် ရွှေဆိုင် မိသားစု ခေါက်ဆွဲ၊ ရွှေရင်အေး
၁၆။ ရွှေနန်းတော် ၀န်ထမ်းများ အအေးဗူး
၁၇။ မအေးအေးသိန်း မိသားစု တာလော့ အအေးဗူး
၁၈။ မဲခေါင်မြစ် Disco မှ အအေးဗူး
၁၉။ ဒေါ်မြမြ၀င်းနှင့်အဖွဲ့ အအေးဗူး
၂၀။ ဦးအောင်ချစ်+ဒေါ်ထွေး မိသားစု အအေးဗူး
၂၁။ ဒေါ်ယဉ်ထွေး+ဒေါ်အားမွေ မိသားစု အအေးဗူး
၂၂။ ဒေါ်နုနှင့်အဖွဲ့ ခေါက်ဆွဲ
၁။ တာလော့ရပ်ကွက်မှ ဈေးသူ/ဈေးသားများ
၂။ ကျောက်တောင်ရပ်ကွက်မှ လုပ်သားများ
အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
6:14 PM
0
comments
Labels: ဓမ္မဆောင်းပါး
ဝိနည်း ငါးကျမ်း ပါဠိတော် မြန်မာပြန်များ
ပါရာဇိကဏ် ပါဠိတော် မြန်မာပြန်ကို ဒီမှာ ယူပါ။
ပါစိတ်ပါဠိတော် မြန်မာပြန် ဒီမှာ ယူပါ။
မဟာဝါ ပါဠိတော် မြန်မာပြန် ဒီမှာ ယူပါ။
စူဠ၀ါ ပါဠိတော် မြန်မာပြန် ဒီမှာ ယူပါ။
ပရိဝါ ပါဠိတော် မြန်မာပြန် ဒီမှာ ယူပါ။
(အားလုံးကို ကျေးဇူးတင်ပါသည်)
အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
3:41 PM
0
comments
Labels: တရားစာအုပ်
ကဆုန်ဘုရားပွဲ ရ/သုံးရှင်းတမ်း
ငွေတောင်ဦးကမဋ္ဌာန်းကျောင်းတိုက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ဘုရားပွဲရှင်းတမ်းကို အလှူရှင်များနှင့် ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့ ကြည်ညိုသဒ္ဓါပွားများနိုင်ရန် တင်ပြအပ်ပါသည်။
အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
10:41 AM
0
comments
Labels: ဓမ္မဆောင်းပါး
၂၀၁၁-ခုနှစ် ကဆုန်ညောင်ရေသွန်းပွဲတော်
တာချီလိတ်မြို့၊ ငွေတောင်ဦးကမဋ္ဌာန်းကျောင်းတိုက်တွင် နှစ်စဉ်မြဲဖြစ်သည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ညောင်ရေသွန်းပွဲတောင်ကြီးကို ၁၇-၅-၂၀၁၁၊ ၁၃၇၃-ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် ကျင်းပရာ ထိုဘုရားပွဲမှ ဓာတ်ပုံများကို ကြည်ညိုသဒ္ဓါ ပွားများနိုင်ရန် ဖော်ပြလိုက်ပါသည်။ ထိုဘုရားပွဲသည် တာချီလိတ်မြို့တွင် နှစ်စဉ်ကျင်းပလျှက်ရှိပြီး လူများ စည်ကားသိုက်မြိုက်စွာဖြင့် လာရောက်ပူဇော် လှူဒါန်းကြသည်မှာ အားရစရာကောင်းလှသည်။ လာရောက်ကြသော အများပြည်သူများကို စတုဒိသာ အအေးများ လှူဒါန်းနေကြသည်မှာ လည်း များပြားလှသည်။ ဒီနှစ်မှာ ဆိုလျှင် ရာသီဥတု သိပ်မကောင်း၍ လာရောက်ကြသူများ နည်းပါးလိမ့်မည်ဟု ထင်ထားရာ ယခင်နှစ်ထက်ကို များသည်ဟုထင်မိပါသည်။
ထိုနေ့က မနက် ၁၁း၀၀နာရီထိ မိုးများ တဖွဲဖွဲကျနေပါလျှက် တောင်ပေါ်သို့ ညောင်ရေသွန်းပူဇော်ရန် တက်နေကြသည်ကိုတွေ့ပြီး ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါတရားကို လေးစားမိလေသည်။ ထို့ကြောင့် အားလုံးသော လူအများသဒ္ဓါတရားပွားများနိုင်ရန် ဓာတ်ပုံတချို့ကို တင်ပေးလိုက်ပါသည်။
ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေ။
(ထိုနေ့က အလှူရှင်များ စာရင်းကိုလည်း တင်ပေးပါဦးမယ်)
အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
10:03 AM
0
comments
Labels: ဓါတ်ပုံ
တရားအရိပ်
- ငွေတောင်ဦး
- တရားဓမ္မအရိပ်ကို သင်ခိုကြည့်ပါ. အေးငြိမ်းမှု၏ အသိကို သင်လက်တွေ့အကျိုးခံစားမိပါလိမ့်မည်။