ငွေတောင်ဦးကမဋ္ဌာန်းကျောင်းတိုက်တွင် တရားအားထုတ်ကြသော ယောဂီများသည် အနည်းဆုံး4လ မှစ၍
7လတိုင်တိုင် တရားအားထုတ်ကြရသည်။ တချို့ယူထားကြသော သူများကို ရက်တိုးတရားအားထုတ်ခွင့်ပြု
ထားသည်။ 4လမှစ၍7လတိုင်တိုင် တရားအားထုတ်ကြသော ယောဂီများကို 4လပြည့်လျှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ၀ိသုဒ္ဓိနှင့်ဥာဏ်စဉ်တရားတော်ကို
နာယူမှတ်သားစေပါသည်။ ဥာဏ်စဉ်တရားကို နာယူမှတ်သားခြင်းအားဖြင့် မိမိတို့ လေးလတိုင်တိုင်း တရားအားထုတ်ခဲ့သည်မှာ မည်သည့်ဥာဏ်သို့ရောက်သည်ကို ချင့်ချိန်နိုင်ရန် ဖြစ်သည်။ ထိုဥာဏ်စဉ်တရားကို
တရားအားမထုတ်ဘူးသူများ နာယူမှတ်သားခွင့် မရှိပေ။ တရားအားထုတ်သော်လည်း ဥာဏ်အဆင့်မမှီသေးသူများကို နာယူမှတ်သားခွင့် မပြုပေ။ တရားကို ကောင်းစွာအားထုတ်ပြီး ဥာဏ်အဆင့်မီသူ များကိုသာ နာယူမှတ်သားခွင့်ပြုပါသည်။
အရှင်ကုမုဒ
ငွေတောင်ဦးကမ္မဌာန်းကျောင်း ပဓာန နာယကဆရာတော် ဘဒ္ဒန္တ၀ိရောစန (မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ကမ္မဌာနစရိယ)
ဆရာတော် သြ၀ါဒကထာ(ဆုံးမစာ)
(မုန်းစရာပုဂ္ဂိုလ်တို့ နှင့် ယှဉ်တွဲနေရသည့်ဆင်းရဲ)
”ကိုယ်ကသာ ချစ်၊ သူ မချစ်၊ ဒီချစ် ဆင်းရဲဆုံး“
(ချစ်စရာပုဂ္ဂိုလ်တို့ နှင့် မယှဉ်တွဲကင်းကွာနေရသည့်ဆင်းရဲ)
”ကိုယ်ကလည်း ချစ်၊ သူလည်း ချစ်၊ ဒီချစ် အသင့်ဆုံး“
(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ စိတ်ဝမ်းမကွဲအပြစ်ကင်း၊ ညီညွတ်စွာ ယှဉ်တွဲနေရသည့်ချမ်းသာ)
”ကိုယ်လည်း မချစ်၊ သူ မချစ်၊ ဒီချစ် အမြတ်ဆုံး“
(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ ချစ်ခြင်း မုန်းခြင်း ဆင်းရဲခြင်းမှလွတ်မြောက်စေရန် သတိပဋ္ဌာန်လေးပါး မြတ်တရားကိုပွားများအားထုတ်နိုင်မှသာ ဆင်းရဲငြိမ်းရာနိဗာန်သို့မျက်မှောက်ပြုကြရသည့်ချမ်းသာ)
ဘ၀တန်ဖိုး
နာယကဘုန်းကြီး ဦးစန္ဒိမာ
နာယကဘုန်းကြီး ဦးကောဝိဒ
blog-ပြုစုသူ
အခန်းကဏ္ဍ
- တရားစာအုပ် (6)
- တရားစာအုပ် (1)
- ဓမ္မဆောင်းပါး (7)
- ဓါတ်ပုံ (26)
- သြ၀ါဒကထာ (7)
မိတ်ဆွေများ
Saturday, January 2, 2010
ဥာဏ်စဉ်တရား နာယူမှတ်သားခြင်း
Posted by
ငွေတောင်ဦး
at
10:09 PM
0
comments
တရားစစ်ဆေးမေးမြန်းလျှောက်ထားခြင်း
တာချီလိတ်မြို့၊ ငွေတောင်ဦးကမဌာန်းကျောင်းတိုက်တွင် တရားအားထုတ်ကြသော ယောဂီတို့သည်
မိမိတို့ တစ်နေ့တာ အားထုတ်သမျှကို ညစဉ်ညတိုင်း ဆရာတော်ဘုရားထံမှာ လျှောက်ထားကြရလေသည်။
ဒီလိုလျှောက်ထားခြင်းအားဖြင့် ယောဂီသည် ချောင်ခို၍မရပေ၊ တရားအားထုတ်မှု အားကောင်းမကောင်းကို
ဆရာတော်ထံလျှောက်ထားခြင်းဖြင့် ဆရာတော်မှ တရားတိုးတက်မှုရှိ/မရှိကို ချင့်ချိန်၍ သိရှိရလေသည်။
လိပ်ညာ၍ မရပေ၊ တရားအားထုတ်ရာတွင် မှားယွင်းမှုများရှိပါကလည်း ယခုလိုလျှောက်ထားခြင်းဖြင့် ဆရာတော်မှ ပြုပြင်ပေးရသည်။ ဒါမှလည်း ယောဂီသည် တရားတိုးတက်မှု ရှိလေသည်။ ယခုလည်း တစ်နေ့တာ
အားထုတ်သမျှကို ဆရာတော်ဘုရားထံလျှောက်ထားကြည်စဉ် ဓာတ်ပုံတစ်ချို့ကို အများသူငါ သိရှိနားလည်နိုင်ကြစေရန်နှင့် ကြည်ညိုသဒ္ဓါတိုးပွားပါစေရန်အလို့ငှာ တင်ပြပေးလိုက်ပါသည်။
အရှင်ကုမုဒ
Posted by
ငွေတောင်ဦး
at
9:44 PM
0
comments
Tuesday, December 29, 2009
ထိုင်းတရားပြ ဓာတ်ပုံ(3)
ဆရာတော်သည် ထိုင်းနိုင်ငံ၊ စခွန်နခွန်ခရိုင်၊ ဒုန်ချွန်းမြို့နယ်၊ နောင်မကလူးကျေးရွာ၊
ဝဒ်ပါဘုရာဖားရမ်ကျောင်းတိုက် တွင် တစ်မြို့နယ်လုံးရှိ ရဟန်းရှင်လူယောဂီ 124 ယောက်တို့အား (၇)ရက်တိုင်တိုင် တရားပြသပေးခဲ့ရပါသည်။ ၁-၃-၂၀၀၇ မှ ၉-၃-၂၀၀၇ ရက်ထိ တရားပြသပေးခဲ့ပါသည်။ ထိုစဉ်က မှတ်တမ်းဓာတ်ပုံတစ်ချိုကို ကြည်ညိုနိုင်ကြပါစေ။
Posted by
ငွေတောင်ဦး
at
7:53 PM
0
comments
Labels: ဓါတ်ပုံ
တရားအရိပ်
- ငွေတောင်ဦး
- တရားဓမ္မအရိပ်ကို သင်ခိုကြည့်ပါ. အေးငြိမ်းမှု၏ အသိကို သင်လက်တွေ့အကျိုးခံစားမိပါလိမ့်မည်။