ဗုဒ္ဓတရား၏ အဆုံးအမအတိုင်း လိုက်နာကျင့်ကြံ အားထုပ်နိုင်သော သူတော်ကောင်း တရားသမား ဖြစ်နိုင်ကြပါစေ.....
သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ

Saturday, October 10, 2009

9-10-2009 ဆွမ်းကပ်

9-10-2009ရက်၊ သောကြာနေ့က ငွေတောင်ဦးကျောင်းတွင် ထိုင်းနိုင်ငံမှ အလှူရှင်များ သံဃာကုန်ဆွမ်းကပ်လှူဒါန်းခဲ့စဉ် မှတ်တမ်းဓာတ်ပုံ တစ်ချို့ပါ။
(မှတ်ချက်) ကျောင်းမှာ သံဃာကုန်ဆွမ်းကပ်သည် အမြဲတမ်းလို ရှိနေခဲ့ရာ ဆွမ်းကပ်တိုင်းတော့ တင်ပေးဖို့ မဖြစ်နိုင်တဲ့အတွက် အခြားအလှူရှင်များအား နားလည်ပေးပါရန် ခွင့်ပန်အပ်ပါသည်။





အရှင်ကုမုဒ

ဆောက်လုပ်ဆဲ3-ထပ်ကျောင်းဆောင်

တာချီလိတ်မြို့၊ ငွေတောင်ဦးကမဋ္ဌာန်းကျောင်းတိုက်တွင် မြန်မာယောဂီများ.ထိုင်းနိုင်ငံမှာ အမျိုးသား.အမျိုးသမီးယောဂီများ၊ ရဟန်းယောဂီများဖြင့် နေ့စဉ်အချိန်ပြည့် တရားအားထုတ်လျက်ရှိရာ နေရာအခတ်အခဲ ကြောင့် ယောဂီဦးရေသတ်မှတ်ထားရပါသည်။ တရားအားထုတ်သည့် ရက်ရှည်ယောဂီများ အနည်းဆုံး 3-လအားထုတ်ရပါသည်။ ယခုအခါ ကျောင်းတိုက်တွင် ယောဂီများအတွက် အဓိက လိုအပ်ချက်ဖြစ်သော 3-ထပ် ကျောင်းဆောင်ကြီးကို ဆောက်လုပ်လျက်ရှိပါသည်။ အလျားပေ 178- အနံပေ 40- တစ်ထပ်လျှင် 12-ပေခန်း 15-ခန်းပါဝင်ပြီး တစ်ခန်းလျင် ရေချိုခန်း သန့်စင်ခန်း အားလုံး ပါဝင်ပြီး ကြွေပြားခင်း သုံးထပ်ကျောင်းဆောင်ကြီးကို နေ့ရောညပါ အမြန်ဆောက်လုပ်လျက် ရှိပါသည်။ အလှူရှင်သီးသန့်မဟုတ်ပဲ အများကောင်းမှုဖြင့် ဆောက်လုပ်နေခြင်းဖြစ်ပါ၍ ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် တင်ပေးလိုက်ခြင်း ဖြစ်ပါသည်။













အရှင်ကုမုဒ

Wednesday, October 7, 2009

ထိုင်း တရားပြ ဓာတ်ပုံ 2

ထိုင်းနိုင်ငံ၊ သံဃာနာယကအဖွဲ့ဝင်၊ ယာန်နာဝါကျောင်းတိုက်ဆရာတော် ဗြဟ၀ဇီရဥာဏ်၊ ၀ဒ်ဒွေါန်းကျောင်းတိုက်ဆရာတော် ဖရာ့ဂရုဝိသုဒ္ဓိကလျာဏကိစ (ဦးဥာဏဓမော)တို့၏ ပင့်လျောက်ချက်ဖြင့် တာချီလိတ်မြို့၊ ငွေတောင်ဦးကမဋ္ဌာန်းကျောင်းတိုက်ဆရာတော် ၏ ထိုင်းနိုင်ငံ၊ ဘန်ကောက်ခရိုင်၊ ယာန်နာဝါရပ်ကွက်၊ ယာန်နာဝါကျောင်းတိုက်နှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်ခရိုင်၊ ဆာထောန်းမြို့၊ ယာန်နာဝါရပ်ကွက်၊ ၀ဒ်ဒွေါန်းကျောင်းတိုက်တို့တွင် (9-3-2008)မှစ၍ (8-6-2008)ရက်နေ့အထိ (၄)လတိုင်တိုင် တရားပြခဲ့စဉ် မှတ်တမ်းဓာတ်ပုံ တချို့ကို တင်ပြပေးလိုက်ရပါသည်။















အရှင်ကုမုဒ

Template by : kendhin x-template.blogspot.com