ထိုင်းနိုင်ငံ၊ သံဃာနာယကအဖွဲ့ဝင်၊ ယာန်နာဝါကျောင်းတိုက်ဆရာတော် ဗြဟ၀ဇီရဥာဏ်၊ ၀ဒ်ဒွေါန်းကျောင်းတိုက်ဆရာတော် ဖရာ့ဂရုဝိသုဒ္ဓိကလျာဏကိစ (ဦးဥာဏဓမော)တို့၏ ပင့်လျောက်ချက်ဖြင့် တာချီလိတ်မြို့၊ ငွေတောင်ဦးကမဋ္ဌာန်းကျောင်းတိုက်ဆရာတော် ၏ ထိုင်းနိုင်ငံ၊ ဘန်ကောက်ခရိုင်၊ ယာန်နာဝါရပ်ကွက်၊ ယာန်နာဝါကျောင်းတိုက်နှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်ခရိုင်၊ ဆာထောန်းမြို့၊ ယာန်နာဝါရပ်ကွက်၊ ၀ဒ်ဒွေါန်းကျောင်းတိုက်တို့တွင် (9-3-2008)မှစ၍ (8-6-2008)ရက်နေ့အထိ (၄)လတိုင်တိုင် တရားပြခဲ့စဉ် မှတ်တမ်းဓာတ်ပုံ တချို့ကို တင်ပြပေးလိုက်ရပါသည်။
ငွေတောင်ဦးကမ္မဌာန်းကျောင်း ပဓာန နာယကဆရာတော် ဘဒ္ဒန္တ၀ိရောစန (မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ကမ္မဌာနစရိယ)
ဆရာတော် သြ၀ါဒကထာ(ဆုံးမစာ)
(မုန်းစရာပုဂ္ဂိုလ်တို့ နှင့် ယှဉ်တွဲနေရသည့်ဆင်းရဲ)
”ကိုယ်ကသာ ချစ်၊ သူ မချစ်၊ ဒီချစ် ဆင်းရဲဆုံး“
(ချစ်စရာပုဂ္ဂိုလ်တို့ နှင့် မယှဉ်တွဲကင်းကွာနေရသည့်ဆင်းရဲ)
”ကိုယ်ကလည်း ချစ်၊ သူလည်း ချစ်၊ ဒီချစ် အသင့်ဆုံး“
(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ စိတ်ဝမ်းမကွဲအပြစ်ကင်း၊ ညီညွတ်စွာ ယှဉ်တွဲနေရသည့်ချမ်းသာ)
”ကိုယ်လည်း မချစ်၊ သူ မချစ်၊ ဒီချစ် အမြတ်ဆုံး“
(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ ချစ်ခြင်း မုန်းခြင်း ဆင်းရဲခြင်းမှလွတ်မြောက်စေရန် သတိပဋ္ဌာန်လေးပါး မြတ်တရားကိုပွားများအားထုတ်နိုင်မှသာ ဆင်းရဲငြိမ်းရာနိဗာန်သို့မျက်မှောက်ပြုကြရသည့်ချမ်းသာ)
ဘ၀တန်ဖိုး
နာယကဘုန်းကြီး ဦးစန္ဒိမာ
နာယကဘုန်းကြီး ဦးကောဝိဒ
blog-ပြုစုသူ
အခန်းကဏ္ဍ
- တရားစာအုပ် (6)
- တရားစာအုပ် (1)
- ဓမ္မဆောင်းပါး (7)
- ဓါတ်ပုံ (26)
- သြ၀ါဒကထာ (7)
မိတ်ဆွေများ
Wednesday, October 7, 2009
ထိုင်း တရားပြ ဓာတ်ပုံ 2
Posted by
ငွေတောင်ဦး
at
9:08 PM
0
comments
(ထိုင်း)တရားပြ ဓာတ်ပုံ 1
ထိုင်းနိုင်ငံ၊ မဟာချူဠာလောင်ကွန်းရာဇ၀ိဒယာလှိုင်းသာသနာ့တက္ကသိုလ် ဒု-ပါမောက္ခချုပ် ဆရာတော် ဖရာ့ဗြဟမောဠီ ၏ ပင့်လျှောက်ချက်ဖြင့် တာချီလိတ်၊ ငွေတောင်ဦးကမဋ္ဌာန်းကျောင်းဆရာတော် ဘဒ္ဒန္တ၀ိရောစန (မဟာဂန္ထ၀ါစကပဏ္ဍိတ၊ကမဋ္ဌာနာစရိယ) ၏ ထိုင်းနိုင်ငံ၊ ပါချောင့်မြို့၊ နခွန်ရတ်ချဆီမားခရိုင်၊ ဓမမိုလီတရားရိပ်သာတွင် (28-7-2007)မှစ၍ (28-2-2008) ရက်နေ့အထိ (၇)လတိုင်တိုင် အချိန်ပြည့် တရားဟော တရားပြသပေးခဲ့စဉ် မှတ်တမ်းဓာတ်ပုံတချို့ကို အများပြည်သူများ ကြည်ညိုနိုင်ကြပါစေရန် စေတနာမှန်ဖြင့် တင်ပြပေးလိုက်ပါသည်။
(မှတ်ချက်။ ထိုင်းရဟန်းတော်များကို မြန်မာသင်္ကန်းအရောင်ဝတ်စေ၍ တရားအားထုတ်စေခဲ့ပါသည်။ ဧည့်သည် သံဃာတော်များနှင့် တရားအားထုတ်သည့် ယောဂီသံဃာများ ကွဲပြားစေရန် မြန်မာသင်္ကန်း ရောင်ကို ၀တ်စေခြင်းဖြစ်ပါသည်။)
Posted by
ငွေတောင်ဦး
at
10:07 AM
0
comments
Labels: ဓါတ်ပုံ
တရားအရိပ်
- ငွေတောင်ဦး
- တရားဓမ္မအရိပ်ကို သင်ခိုကြည့်ပါ. အေးငြိမ်းမှု၏ အသိကို သင်လက်တွေ့အကျိုးခံစားမိပါလိမ့်မည်။