ဗုဒ္ဓတရား၏ အဆုံးအမအတိုင်း လိုက်နာကျင့်ကြံ အားထုပ်နိုင်သော သူတော်ကောင်း တရားသမား ဖြစ်နိုင်ကြပါစေ.....
သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ

Tuesday, May 31, 2011

ကဆုန်ဘုရားပွဲ ရ/သုံးရှင်းတမ်း


ငွေတောင်ဦးကမဋ္ဌာန်းကျောင်းတိုက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ဘုရားပွဲရှင်းတမ်းကို အလှူရှင်များနှင့် ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့ ကြည်ညိုသဒ္ဓါပွားများနိုင်ရန် တင်ပြအပ်ပါသည်။

အရှင်ကုမုဒ

၂၀၁၁-ခုနှစ် ကဆုန်ညောင်ရေသွန်းပွဲတော်

တာချီလိတ်မြို့၊ ငွေတောင်ဦးကမဋ္ဌာန်းကျောင်းတိုက်တွင် နှစ်စဉ်မြဲဖြစ်သည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ညောင်ရေသွန်းပွဲတောင်ကြီးကို ၁၇-၅-၂၀၁၁၊ ၁၃၇၃-ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် ကျင်းပရာ ထိုဘုရားပွဲမှ ဓာတ်ပုံများကို ကြည်ညိုသဒ္ဓါ ပွားများနိုင်ရန် ဖော်ပြလိုက်ပါသည်။ ထိုဘုရားပွဲသည် တာချီလိတ်မြို့တွင် နှစ်စဉ်ကျင်းပလျှက်ရှိပြီး လူများ စည်ကားသိုက်မြိုက်စွာဖြင့် လာရောက်ပူဇော် လှူဒါန်းကြသည်မှာ အားရစရာကောင်းလှသည်။ လာရောက်ကြသော အများပြည်သူများကို စတုဒိသာ အအေးများ လှူဒါန်းနေကြသည်မှာ လည်း များပြားလှသည်။ ဒီနှစ်မှာ ဆိုလျှင် ရာသီဥတု သိပ်မကောင်း၍ လာရောက်ကြသူများ နည်းပါးလိမ့်မည်ဟု ထင်ထားရာ ယခင်နှစ်ထက်ကို များသည်ဟုထင်မိပါသည်။
ထိုနေ့က မနက် ၁၁း၀၀နာရီထိ မိုးများ တဖွဲဖွဲကျနေပါလျှက် တောင်ပေါ်သို့ ညောင်ရေသွန်းပူဇော်ရန် တက်နေကြသည်ကိုတွေ့ပြီး ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါတရားကို လေးစားမိလေသည်။ ထို့ကြောင့် အားလုံးသော လူအများသဒ္ဓါတရားပွားများနိုင်ရန် ဓာတ်ပုံတချို့ကို တင်ပေးလိုက်ပါသည်။
















ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေ။

(ထိုနေ့က အလှူရှင်များ စာရင်းကိုလည်း တင်ပေးပါဦးမယ်)


အရှင်ကုမုဒ

ငလျင်ပျက်စီးမှုကို ပြုပြင်ပြီး အခြေအနေ

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် တောင်ပေါ်ခြေတော်ရာဓမာရုံ ကြီးအား ပြန်လည်ပြုပြင်ပြီး ဓာတ်ပုံတစ်ချို့ကို တင်ပြအပ်ပါသည်။





အရှင်ကုမုဒ

ငလျင်ပျက်စီးမှု

တာချီလိတ်မြို့တွင် ၂၄-၃-၂၀၁၁ ရက်နေ့ ည-၈း၀၀နာရီနောက်ပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ငွေတောင်ဦးကမဋ္ဌာန်းကျောင်းတိုက်၏ ခြေတော်ရာတောင်ပေါ်ဓမာရုံကြီးမှာ အပျက်အစီးများ ရှိခဲ့ပါသည်။ ထိုအပျက်အစီးများ၏ ဓာတ်ပုံတစ်ချို့ကို တင်ပြလိုက်ပါသည်။




အရှင်ကုမုဒ

Friday, November 19, 2010

၁၆.၁၁.၂၀၁၀ ဘုံကထိန်ပွဲ အမှတ်တရ

ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်၏ (၁၆.၁၁.၂၀၁၀) နေ့ ဘုံကထိန်ပွဲအမှတ်တရဓါတ်ပုံများ..

ပဒေသပင်များ.
Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

ဆရာတော်အား ထိုင်းနိုင်ငံမှာ တပည့်တဒါယာကာ၊ ဒါယိကာများ လာရောက်ဖူးတွေ့စဉ်.
Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

ပဒေသပင်အား ထိုင်း လူမျိုးများ သယ်ယူလာစဉ်
Free Image Hosting at www.ImageShack.us

ထိုင်းနိုင်ငံမှ လာရောက်တရားအားထုပ်နေကြသည့် သံဃာတော်များ ဆွမ်းဘုန်းပေးရန်ကြွချီလာစဉ်
Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

စာသင်သား ကိုရင်ငယ်များ.
Free Image Hosting at www.ImageShack.us

ငွေတောင်ဦးကမ္မဌာန်းကျောင်းသည် မြတ်ဗုဒ္ဒ၏ သာသနာတော်စည်ပင်စေခြင်းအကျိုးငှါ စာသင်သားသံဃာတော်များအား ဗုဒ္ဒစာပေများကို သင်ကြားပို့ချပေးခြင်းအပြင် ကမ္မဌာန်းတရားအားထုပ်မှုများကိုလည်း ရဟန်းသံဃာ၊ သီလရှင်၊ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ကို ဆင်းရဲချမ်းသာလူမျိုးမခွဲပဲ သာသနာ့ဝန်ကို ထမ်းဆောင်နေသည့် ကျောင်းဖြစ်သည်နှင့်အညီ သံဃာတော်အပေါင်းအား လှူဒါန်းရခြင်းအကျိုးကြောင့် နတ်လူ သာဓုခေါ်စေနိုင်ဖို့ လှူဒါန်းမှုအစုစုကို မျှဝေ တင်ပြလိုက်ပါသည်။

Template by : kendhin x-template.blogspot.com