ဗုဒ္ဓတရား၏ အဆုံးအမအတိုင်း လိုက်နာကျင့်ကြံ အားထုပ်နိုင်သော သူတော်ကောင်း တရားသမား ဖြစ်နိုင်ကြပါစေ.....
သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ

Tuesday, May 31, 2011

၂၀၁၁-ခုနှစ် ကဆုန်ညောင်ရေသွန်းပွဲတော်

တာချီလိတ်မြို့၊ ငွေတောင်ဦးကမဋ္ဌာန်းကျောင်းတိုက်တွင် နှစ်စဉ်မြဲဖြစ်သည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ညောင်ရေသွန်းပွဲတောင်ကြီးကို ၁၇-၅-၂၀၁၁၊ ၁၃၇၃-ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် ကျင်းပရာ ထိုဘုရားပွဲမှ ဓာတ်ပုံများကို ကြည်ညိုသဒ္ဓါ ပွားများနိုင်ရန် ဖော်ပြလိုက်ပါသည်။ ထိုဘုရားပွဲသည် တာချီလိတ်မြို့တွင် နှစ်စဉ်ကျင်းပလျှက်ရှိပြီး လူများ စည်ကားသိုက်မြိုက်စွာဖြင့် လာရောက်ပူဇော် လှူဒါန်းကြသည်မှာ အားရစရာကောင်းလှသည်။ လာရောက်ကြသော အများပြည်သူများကို စတုဒိသာ အအေးများ လှူဒါန်းနေကြသည်မှာ လည်း များပြားလှသည်။ ဒီနှစ်မှာ ဆိုလျှင် ရာသီဥတု သိပ်မကောင်း၍ လာရောက်ကြသူများ နည်းပါးလိမ့်မည်ဟု ထင်ထားရာ ယခင်နှစ်ထက်ကို များသည်ဟုထင်မိပါသည်။
ထိုနေ့က မနက် ၁၁း၀၀နာရီထိ မိုးများ တဖွဲဖွဲကျနေပါလျှက် တောင်ပေါ်သို့ ညောင်ရေသွန်းပူဇော်ရန် တက်နေကြသည်ကိုတွေ့ပြီး ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါတရားကို လေးစားမိလေသည်။ ထို့ကြောင့် အားလုံးသော လူအများသဒ္ဓါတရားပွားများနိုင်ရန် ဓာတ်ပုံတချို့ကို တင်ပေးလိုက်ပါသည်။
















ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေ။

(ထိုနေ့က အလှူရှင်များ စာရင်းကိုလည်း တင်ပေးပါဦးမယ်)


အရှင်ကုမုဒ

0 comments:

Template by : kendhin x-template.blogspot.com