ဗုဒ္ဓတရား၏ အဆုံးအမအတိုင်း လိုက်နာကျင့်ကြံ အားထုပ်နိုင်သော သူတော်ကောင်း တရားသမား ဖြစ်နိုင်ကြပါစေ.....
သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ

Wednesday, August 5, 2009

ငွေတောင်ဦးတောင်ပေါ်မှ ရှုမြင်ရသော ဓာတ်ပုံတစ်ချို့































Monday, August 3, 2009

ငွေတောင်ဦးတောင်



တာချီလိတ်မြို့လေးဟာ ထိုင်း-မြန်မာ အနီးကပ်ဆုံးသော နယ်စပ်မြို့လေးတစ်မြို့ပါ။ အကယ်၍များ သင် တာချီလိတ်မြို့သို့ အကြောင်းတစ်ခုခုကြောင့် ရောက်ရှိခဲ့ပါလျှင် နောက်ခံတောင်တန်းအလှတွေနဲ့ ရှည်မျော မျော မြို့လေးတစ်မြို့ဖြစ်တာကို သင်တွေ့ရှိရမှာပါ။ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နဲ့တစ်မြို့တည်းလို ဖြစ်နေတယ် ဆိုတာကိုလည်း တွေ့ရှိရပါဦးမယ်။ အဲဒီအခါ မြို့ရဲ့အလှအပတွေကို ရှုမြင်ခံစားချင်တယ်ဆိုရင်တော့ “ငွေတောင်ဦးတောင်”ကို သွားရောက်လိုက်ပါ။ အေးချမ်းတိတ်ဆိပ်ပြီး နှစ်နိုင်ငံရဲ့ မြို့တည်နေပုံတွေကို အသေး စိတ်မြင်တွေ့ရပါလိမ့်မယ်။ တာချီလိတ်မြို့ရဲ့ ရွှေတိဂုံဘုရား၊ မယ်ဆိုင်မြို့ရဲ့ ဦးအောင်ဇေယျဘုရားတို့ကိုလည်း တစ်နေရာထဲကနေ ဖူးမြော်မြင်တွေ့ရအုံးမှာပါ။ တစ်ချိန်က ငွေတောင်ဦးတောင်ဆိုတာ တက်ရတာ ခတ်ခဲပေမဲ့ ခုတော့ ကမဋ္ဌာန်းဆရာတော်ဘုရားကြီးရဲ့ ကြိုးစားအားထုတ်မှုဖြင့် လွယ်ကူစွာတက်ရောက်နိုင်နေပါပြီး။ ဆိုင်ကယ်နဲ့တက်မလား၊ ကားနဲ့တက်မလား။ ဝေ့၀ိုက်လှပစွာ ဖောက်လုပ်ထားသော ကွန်ကရစ်လမ်းလေးက သင်တို့တတွေ ဆိတ်ငြိမ်အေးချမ်းစွာနဲ့ မြို့ရဲ့အလှအပကို ခံစားကြည့်ရှုနိုင်ဖို့ ကျောခင်းပေးထားလျှက်ပါ။
ပြည်မကြီးကနေလာပြီး ပရိယတ်ကို ကြိုးစားအားထုတ်သာသာနာပြုနေတဲ့ စာသင်သားသံဃာတော်လေးတွေ တစ်ဖက်ထိုင်းနိုင်ငံမှ လာပြီး ပဋိပတ်ကို ကြိုးစားအားထုတ်နေတဲ့ ထိုင်းရဟန်းတော်တွေ (အမြဲတန်း 60-ကျော်)
တစ်ဖက်နိုင်ငံမှ ထိုင်းအမျိုးသား အမျိုးသမီးယောဂီတွေ၊ ပြည်တွင်းက ယောဂီတွေရဲ့ ပရိယတ်-ပဋိပတ် သာသနာနှစ်ရပ်ကို ကြိုးစားအားထုတ်နေပုံတွေကို ကြည်ညိုချင်တယ်ဆိုရင်လည်း ငွေတောင်ဦးတောင်ခြေက ကမဋ္ဌာန်းကျောင်းမှာ နေ့စဉ်နှင့်အမျှ ကြိုးစားအားထုတ်နေကြပါတယ်။ တာချီလိတ်ကို ရောက်ပြီး ဒီလို နေရာကို မှ မရောက်ခဲ့ဘူးဆိုရင်တော့ မြန်မာမှန်ပါလျှက် ပုဂံမရောက်ဖူးတဲ့ သူတွေလိုပဲ ကိုယ့်ကိုကိုယ် နောင်တ ရနေမိလိမ့်မယ်။ ကဲ သွားဖြစ်အောင်သာ သွားလိုက်ကြပါ။ ငွေတောင်ဦးတောင်ပေါ်ကနေ ရှုစားရမဲ့ ဓာတ်ပုံလေး တွေကိုတော့ ဓာတ်ပုံကနေ သွားကြည့်နိုင်ပါတယ်။

အရှင်ကုမုဒ

Sunday, August 2, 2009

လိုက်နာကျင့်သုံးဖွယ် သြ၀ါဒ(2)

အောက်တန်းကျတဲ့ အလုပ်ကို မလုပ်ပါနဲ့၊
အထက်တန်းကျတဲ့ အလုပ်ကို လုပ်ပါ။

အောက်တန်းကျတဲ့ စကားကို မပြောဆိုပါနဲ့၊
အထက်တန်းကျတဲ့ စကားကို ပြောဆိုပါ။

အောက်တန်းကျတဲ့ အကြံအစည်ကို မကြံစည်ပါနဲ့၊
အထက်တန်းကျတဲ့ အကြံအစည်ကို ကြံစည်ပါ။

ဆရာတော်

ငွေတောင်ဦးကျောင်းတိုက် ဓာတ်ပုံများ




































တာချီလိတ်မြို့၊ ငွေတောင်ဦးကမဋ္ဌာန်းကျောင်းတိုက်သည် ပရိယတ် ပဋိပတ် သာသနာနှစ်ရပ်ကို ကြိုးစားအားထုတ်နေသော ကျောင်းတိုက်တစ်ခုဖြစ်သည်။ ငွေတောင်ဦးကျောင်းတိုက်၏ နေချင့်စဖွယ် ကျောင်းဝင်းနှင့်တိုက်တာ အဆောက်အဦတို့၏ ပုံတစ်ချို့ကို တင်ပြပေးလိုက်ပါသည်။ ဆရာတော်၏ ဦးဆောင်မှုဖြင့် ကျောင်းတိုက်၏ နေ့စဉ်လုပ်ငန်းတို့ကိုလည်း ဆက်လက် တင်ပြပေးသွားပါမည်။

အရှင်ကုမုဒ

Template by : kendhin x-template.blogspot.com